ရေနံချောင်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် (၂)ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးသတ်ဖြတ်
PUBLISHED - December 12, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ သပွတ်စုကျေးရွာရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်အောင်ဒင်နှင့် ရဲဒုတပ်ကြပ် စိုးမြတ်အောင်တို့ (၂)ဦးအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၁)ရက် နံနက် (၁၁)နာရီခွဲအချိန်က အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာအုပ်စု၊ မကျည်းတိုင်းကျေးရွာရှိ ဦးလှကြီးမောင်၊ ဒေါ်မာမာဝင်းတို့၏ အလှူအိမ်သို့ ရောက်ရှိခဲ့ကာ (၁၂)နာရီခွဲအချိန်ခန့်တွင် သပွတ်စုကျေးရွာသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြန်လာရာ မကျည်းတိုင်းကျေးရွာထိပ်သို့ အရောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၅)ဦးခန့်မှ အဆိုပါ ရဲတပ်ဖွဲ့ဝင် (၂)ဦးအား ဖမ်းဆီးကာ ကျေးရွာချင်းဆက်လမ်းအတိုင်း အင်တောကျေးရွာ ဘက်သို့ ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
#PeopleMedia