• Follow Us on

Home ရေနံချောင်းမြို့နယ်တွင် ဇနီးဖြစ်သူ မီးဖွား၍ နေအိမ်ပြန်သည့် အမျိုးသားကို စစ်သွေးကြွများ သတ်ဖြတ်

ရေနံချောင်းမြို့နယ်တွင် ဇနီးဖြစ်သူ မီးဖွား၍ နေအိမ်ပြန်သည့် အမျိုးသားကို စစ်သွေးကြွများ သတ်ဖြတ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ဇနီးဖြစ်သူ မီးဖွား၍ နေအိမ်ပြန်သည့် အမျိုးသားကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

နိုဝင်ဘာလ (၂)ရက် နံနက် (၁၀)နာရီခန့်က ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၊ ယာကြီးပြင်ရပ်တွင် နေထိုင်သည့် အသက် (၃၈)နှစ်အရွယ် နိုင်လင်းအောင်(ခ) စနေသားသည် ရေနံချောင်းမြို့နယ်၊ လယ်ကျဉ်းရိုး ကျေးရွာတွင် နေထိုင်သည့် ဇနီးဖြစ်သူ ဟန်နီထွန်းမှ မိန်းခလေးဖွားမြင်ကြောင်း သိရသဖြင့် သွားရောက်ခဲ့သည်။

 

ယင်းနောက် နိုဝင်ဘာလ (၃)ရက် ညနေ (၃)နာရီ (၄၀)မိနစ်အချိန်ခန့်တွင် နိုင်လင်းအောင် (ခ) စနေသားသည် လယ်ကျဉ်းရိုးကျေးရွာမှ ရေနံချောင်းမြို့သို့ ပြန်လာစဉ် လယ်ကျဉ်းရိုးကျေးရွာနှင့် လေးတိုင်စင်ကျေးရွာကြား ကျေးလက်ဖွံ့ဖြိုးရေး လမ်းပေါ်အရောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်လင်းအောင်(ခ)စနေသားသည် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက် ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post