• Follow Us on
Latest News

Home ရေဖြူမြို့တွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ သေဆုံး

ရေဖြူမြို့တွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီကျော်တွင် PDF များမှ ဦးအောင်အောင်ထွန်း၏ နေအိမ်သို့ ရောက်ရှိ လာပြီး နေအိမ်အတွင်းရှိနေသည့် ထိုအမျိုးသားကို ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုကြောင့် အသက် (၃၇) နှစ်အရွယ် ဦးအောင်အောင်ထွန်းမှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးသွား ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post