• Follow Us on
Latest News

Home ရေဖြူမြို့နယ်တွင် ကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ

ရေဖြူမြို့နယ်တွင် ကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ရေးမှ ထားဝယ်ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ချက်အရ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ဖမ်းမိ ကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီနီလှိုင်အား ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် TOYOTA LAND CRUISER မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ စိတ်ပြောင်းဆေး ကက်တမင်းများအား ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeoopleMedia


Share this post