• Follow Us on
Latest News

Home ရေဘေးကြောင့် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံး

ရေဘေးကြောင့် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ရေဘေးကြောင့် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိ လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း နစကမှ သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကာ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင် ပြည်နယ်မှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက် သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ ကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post