ရေဘေးသင့်ဒေသများသို့ APTERR အစီအစဉ်ဖြင့် အရန်ဆန်တန် ၁၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးမည်
PUBLISHED - September 23, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၃
ရေဘေးသင့်ဒေသများသို့ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန်တန် ၁၀၀၂ ဒသမ ၇၁ တန်ကို ထောက်ပံ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ အာဆီယံအပေါင်းသုံး အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
APTERR အစီအစဉ်ဖြင့် အရန်ဆန်တန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော် တိုင်းနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးနိုင်ရန် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia