• Follow Us on
Latest News

Home ရေဘေးသင့်ပြည်သူတွေကို ထိုင်းအစိုးရ လျော်ကြေးစတင်ထုတ်ပေး

ရေဘေးသင့်ပြည်သူတွေကို ထိုင်းအစိုးရ လျော်ကြေးစတင်ထုတ်ပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

ထိုင်းအစိုးရဟာ ချင်းရိုင်ပြည်နယ်က ရေဘေးသင့်မိသားစု ၃၆၀၀ ကျော်ကို ပထမဦးဆုံးအသုတ်လျော်ကြေး စတင်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။

 

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို လျော်ကြေးပေးဖို့အတွက် ဘတ်ငွေ ၃.၀၄ ဘီလျံ ခွဲဝေလျာထားမှု ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ထရိုင်ဆူလီတိုင်ဆာရာနာကူလ်က သောကြာနေ့ (စက်တင်ဘာ ၂၇ ရက်နေ့) က ပြောပါတယ်။

 

ရေဘေးသင့်ပြည်သူတွေကို လျော်ကြေးထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ပေးထားကြောင်း ၎င်းက ပြောပါတယ်။

 

လျော်ကြေးငွေတွေကို ချင်းရိုင်ပြည်နယ် ခရိုင်သုံးခုမှာရှိတဲ့ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၆၂၃ စုကို ၎င်း တို့ရဲ့ ဘဏ်အကောင့်တွေကတစ်ဆင့် သောကြာနေ့က လွှဲပြောင်းပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ချိုင်းဝတ် ဂျန်သီရာဖောင်က ပြောပါတယ်။

 

လျော်ကြေးရရှိသွားတဲ့ ရေဘေးသင့်အိမ်ထောင်စုတွေဟာ မောင်းခရိုင်က အိမ်ထောင်စု ၃၃၀၅ စု၊ မယ်ဆိုင်ခရိုင် က အိမ်ထောင်စု ၂၂၂ စုနဲ့ ခွန်တန်ခရိုင်က ၉၆ စု တို့ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

လျော်ကြေးပေးရာမှာ ရက်ပေါင်း ၆၀ ကျော် ရေလွှမ်းမိုးခံရတဲ့အုပ်စုမှာ မိသားစုတစ်စုကို ဘတ် ၉၀၀၀ ၊ ရက် ပေါင်း ၆၀ နဲ့ ၃၀ ကြား ရေလွှမ်းမိုးခံရတဲ့မိသားစုကို ဘတ် ၇၀၀၀ နဲ့ ရက်ပေါင်း ၃၀ မကျော်တဲ့ ရေလွှမ်းမိုးခံ မိသားစုကို ဘတ်ငွေ ၅၀၀၀ စီ အသီးသီးပေးအပ်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပိုင်မြစ်ရေမှတ်က ပုံမှန်အတိုင်းဆက်လက်တည်ရှိနေပေမဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ဒွိုင်းဆူသစ်တောင်တန်း ပေါ်က ရေတွေထိုးကျလာတာကြောင့် ချင်းမိုင်တက္ကသိုလ် မှာ သောကြာနေ့မနက်ပိုင်းက ရေလွှမ်းမိုးခဲ့တဲ့အ တွက် ချင်းမိုင်မြို့ရဲ့ ရေလွှမ်းမိုးမှုအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

 

ဒွိုင်းဆူသစ်တောင်တန်းက တောင်ကျရေတွေ ပိုမိုတိုးလာကြောင်း ပြည်နယ် ဆည်မြောင်းဦးစီးဌာနအကြီးအကဲ က ပြောပါတယ်။

 

မောင်းခရိုင်က တက္ကသိုလ်က ရေလွှမ်းထားတဲ့လမ်းလေးငါးခုကို ပိတ်ထားလိုက်ပြီး ဝန်ထမ်းတွေနဲ့ ကျောင်းသား တွေရဲ့ ကားတွေကို ရေလွတ်ရာ အမြင့်ပိုင်းမှာ ရွှေ့ပြောင်းထားဖို့ ဆော်သြထားပါတယ်။

 

ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဟာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိများပါဝင်တဲ့ အဖွဲ့ကို ဦးစီးပြီး ချင်းရိုင် ပြည်နယ်က ရေလွှမ်းမိုးမှုတွေကို သောကြောနေ့က သွားရောက်ကြည့်ရှုခဲ့သလို စနေနေ့မှာ ချင်းမိုင်ပြည်နယ်ကို သွားရောက်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။

 

မိုးဆက်လက်သည်းထန်နေပြီး မြောက်ပိုင်းမှာ မြစ်ရေတိုးနေတဲ့အတွက် ရေလွှမ်းမိုးနိုင်တဲ့ ဘန်ကောက်နယ် မြေကနေရာတွေနဲ့ တခြားပြည်နယ်ငါးခုမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေကို အမျိုးသားရေအရင်းအမြစ် ဦးစီး ဌာနရုံး (ONWR) က သတိပေးထားပါတယ်။

 

မြစ်ရေတွေ တိုးနေတဲ့အတွက် ချောင်ဖရားယာမြစ်၊ မဲခေါင်မြစ်နဲ့ တာချင်းမြစ်ကမ်းတစ်လျှောက် မြေနိမ့်လွင်ပြင် ဒေသတွေကို ရေလွှမ်းမိုးနိုင်ကြောင်း ONWR က ကြိုတင်ခန့်မှန်းသတိပေးထားပါတယ်။

 

Ref: Govt issues flood cash

 

#PeopleMedia


Share this post