ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီသည့် လူမူကူညီရေးယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အသင်းသား တစ်ဦး ဒဏ်ရာရရှိ
PUBLISHED - August 11, 2023
နေပြည်တော်၊ သြဂုတ် ၁၁
“ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်း” မှ အသင်းယာဉ် (၂) စီးဖြင့် ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများ ကို သွားရောက်ကူညီရာတွင် ထိုယာဉ်များကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ ယာဉ် (၁) စီးမှာ ပျက်စီး သွားပြီး၊ အသင်းသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက်တွင် ရွှေကျင်မြို့မှ ပဲခူးရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီသည့် “ရွှေကျင်မောင်မ ယ်လူမှုကူညီရေးအသင်း” မှ ရွှေကျင်၊ အင်းဝိုင်း၊ ပုဇွန်မြောင်းတွင် PDF များမှ လူမှုကူညီရေးအသင်းကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ပဲခူးရေဘေးသင့် ပြည်သူများကို သွားရောက်ကူညီတာ။ ပဲခူးတောင်မရောက်သေးဘူး ပစ်ခတ်ခံရတာ။ အသင်းယာဉ်တစ်စီးတော့ ပျက်ဆီးသွားတယ်။ အသင်းသားတစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ရရှိတယ်” လို့ သိရတယ်။
ယနေ့နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် – ရွှေကျင်လမ်းပေါ်တွင် PDF (၂၅) ဦးခန့်မှာ ခရီး သွားပြည်သူများကို ဆက်ကြေးများကောက်ခံနေကြောင်း သိရသည်။
Photo – Credit
#PeopleMedia