• Follow Us on
Latest News

Home ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်မှ ကျပ်ငွေ ၁၀ ဘီလီယံ မတည်လှူဒါန်းပြီး ဧရာဝတီဘဏ်မှ ကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ အစားအသောက်များလှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်မှ ကျပ်ငွေ ၁၀ ဘီလီယံ မတည်လှူဒါန်းပြီး ဧရာဝတီဘဏ်မှ ကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ အစားအသောက်များလှူဒါန်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၇

 

ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်မှ ရေဘေးအတွင် ကျပ်ငွေ ၁၀ ဘီလီယံ မတည်လှူဒါန်းပြီး ဧရာဝတီဘဏ်မှ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အစားအသောက်များလှူဒါန်းလိုက်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခု လျှင် ကျပ်သိန်း (၁၀၀၀) ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့် တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဇဘဏ်မှ သိရသည်။

 

ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး  ဒုတိယဆင့် ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း၊ ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစား အသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မဝတ်လုံချည်၊ အဝတ် အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်အစရှိသော နေရာအသီးသီးအထိ ကားကြီးများဖြင့် အရောက်အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ်ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာ‌ဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့် တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ သိရသည်။

 

အလားတူ ဧရာဝတီဘဏ်မှ ရာဂီမုန်တိုင်းကြောင့် ရေဘေးဖြစ်ပေါ်ခဲ့သည့် တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြို့များ၏ ရေဘေးသင့်ဒေသများမှ ရေဘေးသင့်ပြည်သူများတွင် လတ်တလော အရေးပေါ်လိုအပ်လျက်ရှိသည့် စုစုပေါင်း ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်အပါအဝင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဧရာဝတီဘဏ်၏ လက်တွဲကူညီ ဧရာဝတီ အစီအစဉ်တွင်လည်း ပြည်တွင်းပြည်ပမှ ဧရာဝတီဘဏ် သုံးစွဲသူများ အနေနဲ့ AYA Mobile Banking ရဲ့ Bill Payment မှတစ်ဆင့်  Charity & Organization တွင် AYA Helping Hands ကို ရွေးချယ်ပြီး အလှူရှင်အမည်နှင့် ဖုန်းနံပါတ်ထည့်ပြီး ဝန်ဆောင်ခ အခမဲ့ဖြင့် လှူဒါန်းနိုင်ပြီး AYA Pay Mobile Wallet ၏ Pay Bills မှတစ်ဆင့်လည်းကောင်း၊ အောက်ပါ QR မှတစ်ဆင့်လည်းကောင်း AYA Helping Hands တွင် ဝင်ရောက်ပြီး ဝန်ဆောင်ခ အခမဲ့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

#PeopleMedia


Share this post