ရေဘေးသင့်ပြည်သူ ၅ သိန်းအား စားနပ်ရိက္ခာ အထောက်အပံ့များ WFP ပေးအပ်မည်
PUBLISHED - September 20, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံ၏ ရေကြီးရေလျှံနေသည့် ဒေသများတွင် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုတစ်ပတ်တွင် စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရေဘေးသင့်ပြည်သူ ၅ သိန်းအထိ ကူညီရန် လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နှင့် အာဟာရအထောက်အပံ့ တစ်လစာကို WFP ဝန်ထမ်းများ ကိုယ်တိုင် တိုက်ရိုက်ဖြန့်ဝေကူညီသွားမည်ဖြစ်ကြောင်း ထုတ်နုတ်ထားသည်။
တိုင်ဖွန်း ရာဂီမတိုင်မီ ဇူလိုင်နဲ့ သြဂုတ်လအတွင်းမှာလည်း WFP က အရေးပေါ်အကူအညီအနေနှင့် ရေဘေး သင့်ပြည်သူ ၁၈၅,၀၀၀ ကို စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရေလွှမ်းမိုးမှုတွေကြောင့် လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ဘေးသင့်ခဲ့ကြရကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia