ရေဘေးသင့်မိသားစုတစ်စုကို အမြင့်ဆုံး ဘတ် ၂၃၀,၀၀၀ အထိ ထောက်ပံ့သွားမယ်လို့ ပေထောင်တန်ပြော
PUBLISHED - September 17, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံ ပြည်နယ်လေးငါးခုက ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက အိမ်ထောင်စုတစ်စုကို ဘတ်ငွေ ၂၃၀,၀၀၀ အများဆုံးထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က တနင်္လာနေ့ (စက်တင်ဘာ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဒီငွေကြေးထောက်ပံ့မှုအစီအစဉ်ဟာ ရေဘေးကြောင့် သေဆုံးမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေလို တခြားဖြစ်စဉ်တွေအ တွက် ဘတ်ငွေ ၄၀၀၀၀ ကနေ ၅၀၀၀၀ အထိ လျော်ကြေးပေးတဲ့အစီအစဉ်အပြင် ထပ်မံဆောင်ရွက်မယ့်အစီ အစဉ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး အထွေထွေအတွင်းရေးမှူးချုပ် ပရုမ်မင်လတ်ဆူရီဒတ်ဂျ်က ပြောပါတယ်။
ရေဘေးသင့်ကယ်ဆယ်ရေးအတွက် ပင်မရန်ပုံငွေ (ဘတ်ဂျက်) ကနေ ဘတ်ငွေ ၃ ဘီလျံထုတ်ယူဖို့အတွက် အင်္ဂနေ့အစည်းအဝေးမှာ အစိုးရအဖွဲ့ကို ပြောကြားသွားမှာဖြစ်ကြောင်း ပေထောင်တန်က ပြောပါတယ်။
အစိုးရအနေနဲ့ ရေဘေးအခြေအနေနဲ့ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေကို ကြီးကြပ်ဖို့အတွက် “ရေဘေး အခြေအနေ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ထောက်ပံ့မှုစင်တာ” ကို တည်ထောင်သွားမှာဖြစ်ကြောင်း တနင်္လာနေ့ က ကျင်းပခဲ့တဲ့ “ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုကျမှု အခြေအနေများ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီအ စည်းအဝေးကျင်းပပြီးချိန်မှာ ဝန်ကြီးချုပ်က ပြောပါတယ်။
အဲဒီစင်တာကို ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ဥက္ကဋ္ဌအဖြစ် အုပ်ချုပ်သွား မှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနူတင်ချိန်းဗီရာကူလ်က ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တချို့နေရာတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက နိုင်ငံမြောက်ပိုင်းမှာ လက်ရှိအချိန်မှာ ရေကြီးမှုအခြေ အနေတည်ငြိမ်နေပေမဲ့ အရှေ့မြောက်ဒေသမျာတော့ ရေကြီးမှုအခြေအနေ မြင့်တက်နေကြောင်း ပေထောင် တန်က ပြောပါတယ်။
ပြည်နယ်အာဏာပိုင်တွေအနေနဲ့ ရေအဆင့်မြင့်တက်လာတာတွေကို စောင့်ကြည့်နေပြီး အန္တရာယ်ရှိတဲ့ဒေသ တွေမှာနေထိုင်တဲ့ ပြည်သူတွေကို ရေကြီးမှုသတိပေးချက်ထုတ်ပြန်ကြေညာတာတွေ၊ ဘေးကင်းလုံခြုံရာ ရွှေ့ ပြောင်းပေးတာတွေ အပါအဝင် ဖြစ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ထားဖို့အတွက် မြစ် ကြောင်းတစ်လျှောက်တည်ရှိနေတဲ့ ပြည်နယ်တွေကို သတိပေးသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ရေကြီးမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လေးငါးရက် ကြိုတင်သတိပေးရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပေထောင် တန်က ပြောပါတယ်။
ရေကြီးမှုကာကွယ်ဖို့အတွက် မဲခေါင်မြစ်ရေ လာအိုနိုင်ငံထဲ စီးမဝင်ခင် အရှေ့မြောက်ဒေသ နောက်ဆုံးပြည်နယ် ရဲ့ မြို့ဖြစ်တဲ့ ဥူဘန်ရတ်ချာဌာနီမြို့မှာ အမှတ် ၂ စစ်ဒေသကို အခုအချိန်မှာ အသင့်ပြင်ဆင်ထားကြောင်း ဝန် ကြီးချုပ်က ပြောပါတယ်။
အခုနှစ် ရေကြီးမှုအခြေအနေဟာ အရင်နှစ်တွေကထက် ပိုမိုဆိုးရွားနိုင်ခြင်းမရှိဘူးလို့ အာဏာပိုင်တွေက ခန့် မှန်းထားကြောင်း ၎င်းက ပြောပါတယ်။
ချောင်းဖရားယာမြစ်ဟာ နောက်ထပ်ရေဝင်မှု အများအပြားကို လက်ခံနိုင်စွမ်းရှိနေသေးတဲ့အတွက် ရေကြီးမှု ဟာ ဘန်ကောက်မြို့တော်နယ်မြေကို ထိခိုက်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ရေဘေးသင့်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ရေကြီးနေချိန်မှာ ပြည်သူတွေ ငွေကြေးအခက်အခဲ သက်သာ လျော့ပါးစေဖို့အတွက် စက်တင်ဘာလ လျှပ်စစ်ဓာတ်အားခနဲ့ ရေမီတာခကို လျှော့ပေးဖို့နဲ့ အောက်တိုဘာလ လျှပ်စစ်ဓာတ်အားခနဲ့ ရေမီတာခကို ၃၀% အထိ လျှော့ချပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးနေကြောင်း လည်း ပေထောင်တန်က ပြောပါတယ်။
Ref: Flood victims to receive maximum 230,000 baht per household
#PeopleMedia