• Follow Us on

Home ရေလွှမ်းမိုးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန်တန်ချိန် ၁.၁ သန်းကျော် ပျက်စီးဆုံးရှုံး

ရေလွှမ်းမိုးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန်တန်ချိန် ၁.၁ သန်းကျော် ပျက်စီးဆုံးရှုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၁

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေလွှမ်းမိုးပြီး ဆန် မက်ထရစ်တန်ချိန် ၁.၁ သန်းဝန်းကျင် ပျက်စီးသွားကြောင်း လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနကကြေညာခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေကြီးမြင့်နေတဲ့ကြားက ပြည်ပနိုင်ငံတွေက ဆန် တွေ ပိုမိုတင်သွင်းရတော့မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

သြဂုတ်လနဲ့ အောက်တိုဘာလအတွင်း မုတ်သုန်မိုးနဲ့အတူပါလာတဲ့ ရေကြီးရေလျှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆန်စပါး၊ ကောက်ပဲသီးနှံတွေ အကြီးအကျယ်ပျက်စီးခဲ့သလို လူ ၇၅ ဦး ထက်မနည်းသေဆုံးပြီး သန်းနဲ့ချီ ဘေးဒုက္ခကြုံတွေ့ခဲ့ကြပါတယ်။

 

အခုနှစ် ရေလွှမ်းမိုးမှုကြောင့် ဆန်စပါးထုတ်လုပ်မှုကို အကြီးအကျယ်ထိခိုက်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးဝန် ကြီးဌာနက ပြောပါတယ်။

 

ဒါ့ကြောင့် အစိုးရအနေနဲ့ ဆန်တန်ချိန် ၅၀၀,၀၀၀ အမြန်ဆုံးတင်သွင်းဖို့ ဆောင်ရွက်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို ဆန်တင်သွင်းခွင့်ပြုသွားနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ အိန္ဒိယကို ထွက်ပြေးသွားရတဲ့အထိ ဆိုးရွားပြင်းထန်ခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး သြဂုတ်လမှာ အာဏာရယူခဲ့တဲ့ ကြားဖြတ်အစိုးရဟာ မကြာသေးခင်ကာလအတွင်း ၂၀% နီးပါး မြင့်တက်လာခဲ့ တဲ့ ကုန်ဈေးနှုန်း တည်ငြိမ်အောင် မနည်းကြိုးစားရုန်းကန်နေရပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုအပ်နေတဲ့ဆန်ကို ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဆီ ဆီက တင်သွင်းသွားနိုင်တယ်လို့ဆိုပါတယ်။

 

ရေလွှမ်းမိုးမှုကြောင့် ဆန်အပြင် ကောက်ပဲသီးနှံ တန်ချိန် ၂၀၀,၀၀၀ ကျော်အပါအဝင် တခြားလယ်ယာထုတ် ကုန်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ရေလွှမ်းမိုးမှုကြောင့် တစ်နိုင်ငံလုံး ထိခိုက်ပျက်စီးခဲ့တဲ့ လယ်ယာထုတ်ကုန်ဆုံးရှုံးမှုပမာဏဟာ တာကာငွေ ၄၅ ဘီလျံ (ဒေါ်လာ သန်း ၃၈၀) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့ဆန်ထုတ်လုပ်မှု တတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ၎င်းတို့ ပြည်သူတွေအတွက် နှစ်စဉ် ဆန်တန်ချိန် သန်း ၄၀ နီးပါး ထုတ်လုပ်လျက်ရှိပေမဲ့ တစ်ခါတရံ သဘာဝဘေးအန္တ ရယ်ကြောင့် ဆန်ထုတ်လုပ်မှုထိခိုက်ခဲ့ပြီး ပြည်ပနိုင်ငံက မှာယူတင်သွင်းရလေ့ရှိပါတယ်။

 

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ အခုနှစ် ရေကြီးရေလျှံမှုတွေဟာ ဘင်္ဂလားဒေ့ရှ် ပြည်သူအများစုကို ထိခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူ ၃.၅ သန်းဝန်းကျင်ဟာ နှစ်စဉ် မြစ်ရေကြီးမှုဒဏ်ကို ခံစားရနိုင်ကြောင်း ၂၀၁၅ ခုနှစ် ကမ္ဘာ့ဘဏ်အင်စတီကျုရဲ့ ဆန်းစစ်လေ့လာမှုအရ သိရပါတယ်။

 

“ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ရင်း စားနပ်ရိက္ခာဖူလုံရေးအတွက်ဆောင်ရွက်ရာမှာ ရေကြီး/ခြောက်သွေ့ မှုဒဏ် ပိုမိုခံနိုင်ရည်ရှိပြီး ကာလတို စိုက်ပျိုးနိုင်တဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံတွေကို ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနအင်စတီကျု သိပ္ပံနည်းပညာအရာရှိ ချုပ် ခန်းဒါကာမိုဟမ်မက်အစ်ဖ်တက်စာရူဒူလာက ပြောပါတယ်။

 

Ref: Floods Destroy 1.1 Million Tons of Rice in Bangladesh: Reuters

 

#PeopleMedia


Share this post