• Follow Us on
Latest News

Home ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဘတ်ငွေ ၂၇ ဘီလျံဝန်းကျင်ရှိနိုင်ကြောင်း FTI ပြော

ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဘတ်ငွေ ၂၇ ဘီလျံဝန်းကျင်ရှိနိုင်ကြောင်း FTI ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇

 

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုဟာ လွန်ခဲ့တဲ့အနှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်ပြီး စီးပွားရေးပျက်စီးဆုံးရှုံးမှု ဘတ်ငွေ ၂၇ ဘီလျံထက် မနည်းထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ထိုင်း စက်မှုလုပ်ငန်းဖက်ဒရေးရှင်း (FTI) က တနင်္လာနေ့ (စက်တင်ဘာ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ရေလွှမ်းမိုးမှုကြောင့် အဲဒီဒေသမှာ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေ ဘတ် ငွေ ၂၅-၂၇ ဘီလျံဝန်းကျင်ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းတွက်ချက်ထားပါတယ်။” လို့ ဖက်ဒရေးရှင်းဥက္ကဋ္ဌ ကရင်းန်ကရိုင်သီယန်နူကူလ်က ပြောပါတယ်။

 

မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးနယ်မြေတွေနဲ့ သစ်သီးခြံ နယ်မြေတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အခုသီတင်းပတ်အတွင်း နောက်ထပ် မိုးသည်းနိုင်သေးတယ်လို့ ခန့်မှန်းထား ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် ချင်းရိုင်ပြည်နယ်မှာရှိတဲ့ FTI အဖွဲ့ဝင် ၆၀ ဟာ စက်ရုံတွေ၊ စက်ပစ္စည်းတွေ၊ ကား တွေနဲ့ ရုံးသုံးပစ္စည်းတွေပါအဝင် ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးပြီး ဆုံးရှုံးခဲ့ရကြောင်း ဥက္ကဋ္ဌကရင်းန်ကရိုင်က ပြောပါတယ်။

 

ပျက်စီးဆုံးရှုံးမှုတွေအတွက် အခုသီတင်းပတ်အတွင်း လျော်ကြေးပေးနိုင်ရေးအတွက် ရေဘေးသင့်ထိခိုက်ပျက် စီးမှုတွေကို ဆန်းစစ်အကဲဖြတ်ဖို့ ချင်းရိုင်က FTI ရုံးကို ညွှန်ကြားကြောင်း ၎င်းက ပြောပါတယ်။

 

ရေလွှမ်းမိုးမှုအကျပ်အတည်းကြားမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထုတ်ကုန် စွမ်းအားတိုးမြှင့်ဖို့ ကုန်ပစ္စည်းထုတ်လုပ်နေတဲ့ ထိုင်း စက်မှုလုပ်ငန်းဖက်ဒရေးရှင်း (FTI) အဖွဲ့ဝင်တွေကို ညွှန် ကြားထားကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

 

ရေလွှမ်းမိုးမှုကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိခိုက်နစ်နာခဲ့ရတဲ့ FTI အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတွေ ကို ပြန်လည်ထူထောင်ပေးဖို့အတွက် အရေးပေါ်အစီအစဉ်တွေကို ဖက်ဒရေးရှင်းအနေနဲ့ ကြိုတင်ပြင်ဆင်ထား ပြီးဖြစ်ကြောင်း ဥက္ကဋ္ဌကရင်းန်ကရိုင်က ပြောပါတယ်။

 

ချင်းရိုင်ပြည်နယ်မှာရှိတဲ့ FTI အဖွဲ့ဝင်အများစုဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ထုတ်လုပ် နေသူတွေဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Damage to the economy from flooding could reach 27 billion baht

 

#PeopleMedia


Share this post