• Follow Us on

Home ရေသီယွန်က ယူကရိန်းကို AMRAAM ဒုံးကျည်အစင်း ၁၀၀ ကျော် ပို့ဆောင်သွားမည်

ရေသီယွန်က ယူကရိန်းကို AMRAAM ဒုံးကျည်အစင်း ၁၀၀ ကျော် ပို့ဆောင်သွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈

 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ချုပ်ဆိုထားတဲ့စာချုပ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ရေသီယွန်ကုမ္ပဏီက ယူကရိန်းနိုင်ငံကို အဆင့်မြင့်တာလတ်ပစ် ဝေဟင်-ဝေဟင်ပစ်ဒုံးကျည် (Advanced Medium Range Air-to-Air Missiles – AMRAAM) တစ်ရာကျော် တင်ပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဒေါ်လာ ၁၉၂ သန်းတန်ကြေးရှိ စာချုပ်ထဲကနေ AMRAAM ဒုံးကျည်အစင်း ၁၀၀ ကျော်ဝယ်ယူဖို့ထောက်ပံ့သွား မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နေ့အထိ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

 

ကနဦးဝယ်ယူမှုအဖြစ် ဒေါ်လာ ၇,၆၈၈,၂၂၀ တန်ကြေးရှိ ဒုံးကျည်တွေကို “ယူကရိန်းလုံခြုံရေးထောက်ပံ့မှုအစီ အစဉ်” အရ ဝယ်ယူသွားမှာဖြစ်ပါတယ်။

 

တခြားအရာတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်သမ္မတခွင့်ပြုချက်နဲ့ ထောက်ပံ့ပေးမယ့်လက်နက်တွေကို အမေရိကန်လက်နက်တိုက်ထဲက တိုက်ရိုက်ထုတ်ယူနိုင်ပါတယ်။

 

ပင်တဂွန်စစ်ဌာနချုပ်ဟာ အစောပိုင်းကာလက ဒေါ်လာ ၁.၃၇ သန်းတန်ကြေးရှိတဲ့ AMRAAM ဒုံးကျည် အစင်း ၁၄၀ ဝယ်ယူခွင့်ပြုခဲ့ကြောင်း Defence Express ရေးသားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ အမျိုးသားအဆင့်မြင့်မြေပြင်-ဝေဟင်ဒုံးကျည်စနစ်တွေမှာ တပ်ဖြန့်ချထားဖို့အတွက် AMRAAM ဒုံးကျည်တွေကို အမေရိကန်ထံက လက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုနောက်ဆုံးချုပ်ဆိုလိုက်တဲ့သဘောတူစာချုပ်ပါ ဒုံးကျည်တွေဟာ နိုင်ငံပေါင်းစုံက ယူကရိန်းကို ဝိုင်း ဝန်းထောက်ပံ့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ပြီး ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

၁၆၀-၁၈၀ ကီလိုမီတာ (၉၉-၁၁၂ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ AMRAAM ဒုံးကျည်တွေကို ပြုပြင်ပြောင်းလဲမှုတချို့ ဆောင်ရွက်ဖို့ ပင်တဂွန်စစ်ဌာနချုပ်က အမိန့်ပေးခဲ့ကြောင်း ယူကရိန်းလေတပ်ပြောခွင့်ရပုဂ္ဂိုလ်ယူရီအင်ဟတ်က ပြောပါတယ်။

 

“ဒီအကွာအဝေးဟာ ရန်သူ့လေကြောင်းရန်ကာကွယ်ရေးဇုံထဲကို မဝင်ဘဲ ရုရှားတိုက်လေယာဉ်တွေကို ပစ်ခတ် ဖို့ လိုအပ်တဲ့အကွာအဝေးထက် ကျော်လွန်နေပြီဖြစ်ပါတယ်။ ပိုပြီး ဝေးဝေးပစ်နိုင်လေ ကျွန်တော်တို့လေယာဉ် မှူးတွေလုံခြုံမှုအတွက် ပိုပြီး စိတ်ချရလေလေ၊ ရန်သူ့အတွက် ပိုပြီး အန္တရာယ်ရှိလေလေဖြစ်ပါတယ်။” လို့ ယူရီ အင်ဟတ်က ပြောပါတယ်။

 

ယူကရိန်းကိုပေးပို့မယ့် AMRAAM ဒုံးကျည်တွေဟာ မူလ AMRAAM ဒုံးကျည်တွေလား ဒါမှမဟုတ် AMRAAM ဒုံးကျည်မူကွဲတွေလားဆိုတာကိုတော့ ကန်ထရိုက်စာချုပ်ထဲမှာ အသေးစိတ်ဖော်ပြထားခြင်းမရှိဘူးလို့ဆိုပါ တယ်။

 

ဒါပေမဲ့ ယူရီအင်ဟတ်ကိုးကားပြောဆိုခဲ့တဲ့ ပစ်ခတ်နိုင်တဲ့ဒုံးကျည်အကွာအဝေးဟာ AIM-120D AMRAAM ဒုံး ကျည်တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

AIM-120D AMRAAM ဒုံးကျည်တွေဟာ တခြားမူကွဲဒုံးကျည်တွေထက် တာဝေးပိုမိုပစ်ခတ်နိုင်သလို GPS လမ်း ညွှန်စနစ်ပါဝင်ပြီး ရန်သူ့ jamming (ရေဒီယိုလှိုင်းကြားဖြတ်ထုတ်လွှင့်နှောင့်ယှက်မှု) ကိုလည်း ရှောင်လွှဲနိုင် တယ်လို့ ဆိုပါတယ်။

 

Ref: Raytheon to Deliver Over 100 AMRAAM Missiles to Ukraine

 

#PeopleMedia


Share this post