• Follow Us on

Home “ရေအောက်နျူကလီးယားလက်နက်စနစ်” တစ်ခုကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

“ရေအောက်နျူကလီးယားလက်နက်စနစ်” တစ်ခုကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

 

အမေရိကန်နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောတစ်စီးပါဝင်တဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ “ရေအောက်နျူကလီးယားလက်နက်စနစ်” တစ် ခုကို စမ်းလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံက သောကြာနေ့ (ဇန်နဝါရီလ ၁၉ ရက်နေ့) က ကြေညာလိုက်ပါ တယ်။

 

အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတာဖြစ် လို့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားအရှေ့ပင်လယ်ပြင်မှာ Haeil-5-23 အမည်ရှိ ရေအောက် နျူကလီးယားလက်နက်စနစ်တစ်ခုကို စမ်းသပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို အစိုးရပိုင် KCNA သတင်းဌာနက ကြေညာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အစောပိုင်းကလည်း ရေဒီယိုသတ္တိကြွဆူနာမီလှိုင်းလုံး ထုတ်လွှတ်နိုင်တယ်ဆိုတဲ့ Haeil မူကွဲတစ် မျိုးဖြစ်တဲ့ “ရေအောက်နျူကလီးယားတိုက်ခိုက်ရေးဒရုန်း” စမ်းသပ်မှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း မြောက် ကိုရီးယားအစိုးရက ပြောပါတယ်။

 

မြောက်ကိုရီးယားအစိုးရမှာ အဲဒီလိုလက်နက်မျိုးရှိသလားဆိုတာ စစ်ရေးဆန်းစစ်လေ့လာသူတွေက မေးခွန်း ထုတ်ခဲ့ကြပါတယ်။

 

တစ်ဖက်မှာလည်း မြောက်ကိုရီးယားရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့သီတင်း ပတ်အစောပိုင်းက တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့ဟာ တောင်ဘက် ဂျေဂျူးကျွန်းဝန်းကျင်က ရေ ပြင်မှာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ခဲ့ပါတယ်။

 

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ USS Carl Vinson လေယာဉ်တင်သင်္ဘောအပါအဝင် နိုင်ငံသုံးနိုင်ငံက စစ်သင်္ဘော ၉ စင်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

 

“မြောက်ကိုရီးယားတပ်မတော်ရဲ့ ရေအောက်နျူကလီးယားတန်ပြန်လက်နက်စမ်းသပ်မှုဟာ အောင်မြင်စွာအ ဆုံးသတ်နိုင်တော့မှာဖြစ်ပြီး ရေအောက်လက်နက်တွေဟာ အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံတွေရဲ့ ရေတပ် က ရန်လိုတဲ့စစ်ရေးဆောင်ရွက်မှုတွေကို ဆက်လက်ဟန့်တားသွားမှာဖြစ်ကြောင်း” မြောက်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

ရေအောက်လက်နက်စမ်းသပ်မှုနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်အသစ်ဟာ ၎င်းတို့ရဲ့ရေတပ်အတွက် အသုံးပြုဖို့ Haeil ဒရုန်းတွေကို တပ်ဖြန့်ချထားတဲ့လက္ခာဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာဖြစ်ကြောင်း ဆိုးလ် မြို့ရှိ အမျိုးစားပြန်လည်ပေါင်းစည်းရေး ကိုရီးယားအင်စတီကျုက ထိပ်တန်းဆန်းစစ်လေ့လာသူ ဟောင်မင်းက ပြောပါတယ်။

 

“မြောက်ကိုရီးယားရဲ့ထုတ်ပြန်ကြေညာချက်ဟာ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှု တွေကို အချိုးညီစွာ ပြန်လည်တုံ့ပြန်သွားမယ်ဆိုတဲ့ ပြုံယမ်းအစိုးရရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပဲဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စစ်ပွဲဖြစ်ပွားတဲ့အထိ စည်းကျော်လာနိုင်ဖွယ်မရှိကြောင်း ၎င်းက ပြောပါတယ်။

 

Ref: North Korea Says Tested ‘Underwater Nuclear Weapon System’

 

#PeopleMedia


Share this post