ရေအောက်ဖိုင်ဘာဆက်ကြောင်းသွယ်တန်းနေခြင်းကြောင့် သတ်မှတ်ဧရိယာအတွင်း သင်္ဘောများဖြတ်သန်း မောင်းနှင်ခြင်းများမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်

PUBLISHED - February 13, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်း သွယ်တန်းနေုခြင်းကြောင့် သတ်မှတ် ဧရိယာအတွင်း သင်္ဘောများ ဖြတ်သန်းမောင်းနှင်ခြင်းများနှင့် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ရေအောက်ဖိုင်ဘာ ကေဘယ်ဆက် ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR ဖြင့် မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း ဖေဖော်ဝါရီ ၁၂ရက်နေ့မှ ဖေဖော်ဝါရီ ၁၉ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို မြန်မာသီးသန့် စီးပွားရေးဇုန်အတွင်း ဆောင်ရွက်မည့်လမ်း ကြောင်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေ ရေးအတွက် အထက်ဖော်ပြပါ တည်နေရာဧရိယာများအတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေ ညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ထားသည်။
#PeopleMedia