• Follow Us on

Home ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့် ကျည်များ ယူဆောင်ပြီး သွားရောက်ပူးပေါင်းသည့် ရဲတပ်သားကို အမှုဖွင့်

ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့် ကျည်များ ယူဆောင်ပြီး သွားရောက်ပူးပေါင်းသည့် ရဲတပ်သားကို အမှုဖွင့်

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

အကြမ်းဖက်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့် ကျည်များ ယူဆောင်ပြီး သွား ရောက်ပူးပေါင်းသည့် ရဲတပ်သား ရဲထက်ပိုင်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

 

ရဲတပ်သား ရဲထက်ပိုင်အနေဖြင့် ဇွန်လ (၂၅) ရက် ညနေ (၅) နာရီခန့်က တပ်ဖွဲ့ဝင်များကို တန်းစီပြီး လူစစ် ဆေးရာတွင် လာရောက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ၎င်း၏ အခန်းအတွင်းသို့ သွားရောက်စစ်ဆေးရာ M-22(သေနတ်နံပါတ်- N-941663) တစ်လက်၊ ၇.၆၂ x ၃၉ ကျည် ၄၀ တောင့်၊ M-22 ကျည်အိမ် နှစ်ခု၊ BA-109 လက်ပစ်ဗုံး(ဖြူစ်ပါ) တစ်လုံးတို့ကို ယူဆောင်၍ အကြောင်းမဲ့ (လက်နက်ဖြင့်) ခွင့်မဲ့ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

ယင်းနောက် ဇွန်လ (၂၆)ရက်တွင် ရဲတပ်သား ရဲထက်ပိုင်အနေဖြင့် M 22 သေနတ် တစ်လက်၊ နံပါတ် N 941663၊ ၎င်းကျည် (၂၀၀)တောင့်၊ ကျည်အိမ် နှစ်ခု၊ လွယ်ကြိုး တစ်ချောင်း၊ BA 109 လက်ပစ်ဗုံးတစ်လုံး (ဖြူစ်ပါ)တို့ အနက်မှ M 22 သေနတ် တစ်လက်၊ ၎င်းကျည် ၄၀ တောင့်၊ ကျည်အိမ် နှစ်ခု၊ BA 109 လက်ပစ်ဗုံး တစ်လုံး(ဖြူစ်ပါ)တို့အား ယူဆောင်၍ ရေးဘီလူးအဖွဲ့ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း အကြမ်းဖက် ရေး ဘီလူးအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာမှ တဆင့် တွေ့ရှိခဲ့သည်။

 

ယင်းဖြစ်စဉ်ကြောင့် လက်နက်နှင့်ကျည်များကို ယူဆောင်ပြီး အကြမ်းဖက် ရေးဘီလူးအဖွဲ့နှင့် သွားရောက်ပူး ပေါင်းခဲ့သည့် ရဲတပ်သား ရဲထက်ပိုင်ကို လက်နက်ဥပဒေပုဒ်မ-၂၇ (အမှုကြီးအမှတ်စဉ် ၈/၂၀၂၄)ဖြင့် လည်း ကောင်း၊ (ပ)၃၆/၂ဝ၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့်လည်းကောင်း အမှုဖွင့်ထား ကြောင်း သိရသည်။

 

#PeopleMedia


Share this post