ရေးဘီလူး စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် (၂)ဦး ကင်းစောင့်တာဝန်ကျချိန် ထွက်ပြေး
PUBLISHED - August 12, 2024
နေပြည်တော်၊ ဩဂုတ် ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းတွင် လှုပ်ရှားလျက်ရှိသည့် ရေးဘီလူး စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် (၂)ဦးသည် ကင်းစောင့် တာဝန်ကျချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။
ဩဂုတ်လ (၁၁)ရက် နံနက်ပိုင်းက စစ်သွေးကြွ ရေးဘီလူးအဖွဲ့မှ အဖွဲ့ဝင် (၂)ဦးသည် ကင်းစောင့် တာဝန်ကျချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ထွက်ပြေးသွားသူ (၂)ဦးသည် ရေးဘီလူး စစ်သွေးကြွ အဖွဲ့တွင် (၃)လကြာ နေထိုင်ခဲ့သူများ ဖြစ်ပြီး တွေ့ရှိပါက အကြောင်းကြားရန်နှင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း စစ်သွေးကြွ ရေးဘီးလူး အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်သွေးကြွ ရေးဘီလူးအဖွဲ့မှ ထွက်ပြေးသွားသူ (၂)ဦးအနက် (၁)ဦးသည် ကောလင်းမြို့နယ်၊ ဆင်းမကျေးရွာ တွင် နေထိုင်သည့် အောင်မင်းပိုင် (ခ) ပိုင်ကြီးဖြစ်ပြီး နောက်ထပ် (၁)ဦးသည် မကွေးမြို့မှ ကိုစိုးဆိုသူ ဖြစ်ကြောင်း သိရသည်။
#PeopleMedia