• Follow Us on
Latest News

Home ရေးမြို့တွင် အခြေခံပညာအလယ်တန်းကျောင်းအား အကြမ်းဖက်သမားတစ်ဦးက မိုင်းထောင်ဖောက်ခွဲရန်ပြု လုပ်စဉ်ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး

ရေးမြို့တွင် အခြေခံပညာအလယ်တန်းကျောင်းအား အကြမ်းဖက်သမားတစ်ဦးက မိုင်းထောင်ဖောက်ခွဲရန်ပြု လုပ်စဉ်ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်း ကျောင်းအား ကျောင်း စောင့်လုပ်ကိုင်သူမှ မိုင်းထောင်ဖောက်ခွဲရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေးမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း အတွင်းရှိ (၄) ခန်းတွဲနှစ်ထပ် စာသင်ကျောင်းဆောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ မီးလောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမီးလောင်မှုကြောင့် အဆိုပါစာသင်ဆောင်ဒုတိယ ထပ်ရှိ ရေသန့်စက်နှင့် အမိုးမျက်နှာကျက်တို့ အနည်းငယ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေသန့်စက်အနီး၌ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဇင်မင်းလတ် (၃၆) နှစ်အား ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ဝဲ/ယာလက်မောင်း၊ ဝဲပေါင်၊ ယာခြေသလုံး ပြတ်သည့်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ဝမ်းဗိုက် အောက်မှ မပေါက်ကွဲသေးသည့် လက်လုပ်ရီမုမိုင်းတစ်လုံးအား ထပ်မံတွေ့ရှိ ရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post