ရေးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာပြင်းထန်ရရှိ
PUBLISHED - October 12, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ဖလံကျေးရွာရှိ ရာဘာခြံမှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်လာသည့် အမျိုးသား တစ်ဦးကို ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၁ ရက် နေ့လည် ၂:၃၀ အချိန်တွင် ဖလံကျေးရွာရှိ ရာဘာခြံမှ အောင်သူ(ခ)စည်သူမှာ မော်တော်ယာဉ်ဖြင့် ၎င်းနေထိုင်သည့် သီရိမာလာရပ်ကွက်၊ အမှတ်(၅)လမ်းသို့ မော်တော်ယာဉ်ဖြင့် တစ်ဦး ထဲမောင်းနှင်လာစဉ် ထိုရာဘာခြံအထွက် အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက်(၄၅) နှစ်အရွယ် အောင်သူ(ခ)စည်သူ၏ ခန္တာကိုယ်၏ ကျောကုန်းညာ ဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက် နှင့် ဘယ်ဘက်ပါးရိုးတွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်တို့ ရရှိမှုကြောင့် စိုးရိမ်ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးမှာ သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia