ရေးမြို့တွင် အသက် (၈၀) အရွယ်အမျိုးသားအပါအဝင် (၂) ဦး သေဆုံး
PUBLISHED - October 2, 2023
နေပြည်တော်၊ အောက်တိုဘာ ၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ကျောက်မိချောင်း(တောင်)ကျေးရွာအနီးအရောက်၌ မော်တော်ယာဉ်တစ်စီးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အသက် (၈၀) အရွယ်အမျိုးသားအပါအဝင် အမျိုးသား (၂) ဦး သေဆုံး သွားကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက် နံနက် ၁၂:၁၀ အချိန်တွင် ရေးမြို့၊ ကျောင်းရွာကျေးရွာမှ မော်တော်ယာဉ်ဖြင့်ပြန်လာစဉ် ကျောက်မိချောင်း(တောင်)ကျေးရွာအနီးအရောက်၌ PDF များမှ ထိုယာဉ်ကိုပစ်ခတ်ခဲ့ကြောင်း၊ ထိုယာဉ်ပေါ် တွင် အမျိုးသား (၂) ယောက် နှင့် အမျိုးသမီး (၁) ဦးတို့ လိုက်ပါလာကြောင်း သိရသည်။
ထို PDF များမှ မော်တော်ယာဉ်အားပစ်ခတ်ရာ သေဆုံးသွားသည့် အမျိုးသား (၂) ဦးမှာ အသက်(၈၀) အရွယ် ဦးဘအေး၊ အသက်(၅၄) နှစ်အရွယ် ဦးစိုးအောင်တို့ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia