• Follow Us on

Home ရေးမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရ

ရေးမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ အောင်မေတ္တရပ်ကွက်ရှိ အုပ်ချပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ရေး-အစင်ပြကျေးရွာသို့သွားသည့် ကားလမ်းမတွင် မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် PDF များမှ ၎င်းကိုစောင့်ဆိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးအေးလွင်း၏ ဘယ်ဘက်ကျောကုန်းနှင့် ဘယ်ဘက်ဝမ်းဗိုက် တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်တို့ရရှိပြီး ရေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ PDF များ ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်လပိုင်းကလည်း ရေးမြို့တွင် လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေသည့် ရာအိမ်မှူးတစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး၊ (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post