• Follow Us on
Latest News

Home ရေးမြို့တွင် PDF များမှ ၄၀ မမ ဗုံး ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ရာ ပြည်သူ ၄ ဦးအနက် ၁ ဦး ဒဏ်ရာစိုးရိမ်ရ

ရေးမြို့တွင် PDF များမှ ၄၀ မမ ဗုံး ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ရာ ပြည်သူ ၄ ဦးအနက် ၁ ဦး ဒဏ်ရာစိုးရိမ်ရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ကျောင်းရွာကျေးရွာသို့ PDF များမှ ၄၀ မမ ဗုံး ၂ လုံးဖြင့် ပစ်ချတိုက်ရာ ကျေးရွာ နေပြည်သူ (၄) ဦး ဒဏ်ရာရရှိပြီး (၁) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၂ ရက် ညနေ ၃:၁၅ အချိန်တွင် ရေးဘီလူးအဖွဲ့မှ ကျောင်းရွာကျေးရွာသို့ ၄၀ မမဗုံး ၂ လုံးဖြင့် ပစ်ချတိုက်ရာ ထိုကျေးရွာရှိ ရပ်ကွက် (၄) တွင်ရှိသည့် ဈေးနှင့် ရပ်ကွက် (၃) ရှိ နေအိမ်ဈေးသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၅) နှစ်အရွယ် ဦးချစ်အောင်၏ ညာဘက်ခြေသလုံးတွင် မစိုးရိမ်ရ သည့် ဒဏ်ရာ၊ ဈေးဝယ်သူ အမျိုးသမီး (၂) ဦးတွင် မစိုးရိမ်ရသည့် ဒဏ်ရာနှင့် နေအိမ်ဈေးဆိုင်ပိုင်ရှင်အမျိုး သမီးမှာ ဘယ်ဘက်မျက်ခုံးပေါ်တွင် နှစ်လက်မခန့်ရှိသည့် ဒဏ်ရာမှာ စိုးရိမ်ရကြောင်း၊ နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post