• Follow Us on

Home ရေးမြို့နယ်တွင် ခရီးသည်တင်ယာဉ်အား KNU/PDF အဖွဲ့မှ ပစ်ခတ်ခဲ့သဖြင့် ခရီးသည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရေးမြို့နယ်တွင် ခရီးသည်တင်ယာဉ်အား KNU/PDF အဖွဲ့မှ ပစ်ခတ်ခဲ့သဖြင့် ခရီးသည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၅

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာတွင် ဩဂုတ်လ ၂၄ ရက်၊ နံနက် ၅ နာရီကျော်အချိန်ခန့်က ရွှေပု လဲသီ ခရီးသည်တင်မှန်လုံယာဉ်အား KNU/PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယာဉ်အမှတ် 3N-8400 ရွှေပုလဲသီ ခရီးသည်တင် မှန်လုံယာဉ်သည် ခရီးသည် ၃၃ ဦး တင်ဆောင်လာပြီး ရန်ကုန်မြို့မှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် ရေးမြိုနယ်၊ လိမ္မော်ခြံကျေးရွာအရောက်၌ KNU/PDF အဖွဲ့များက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာနေ ဦးတင်ထွေး ၃၄ နှစ်တွင် အပေါ်နှုတ်ခမ်း မှန်စ စိုက်ဝင်ဒဏ်ရာ၊ သာယာဝတီမြို့နယ် တောင်ပန်းဆွဲကျေးရွာနေ မဝါဝါဝင်း ၂၆ နှစ်တွင် ဝဲလက်သန်းကြွယ် မှန်စ စိုက်ဝင်ဒဏ်ရာတို့ ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

ထို့ပြင် KNU/PDF များ၏ ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်၏ ဝဲဘက်မှန်သို့ ကျည်ထိမှန်ခဲ့ပြီး၊ ခရီးသည်များ ကျည်ထိ မှန်မှုမရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post