ရေးမြို့နယ်တွင် ရဲအုပ် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - September 19, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီကျော်က သတင်း ရဲတပ်ဖွဲ့မှ ရဲအုပ် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်လွင်သည် ရေးမြို့ အောင်သုခရပ်ကွက် ပုဂံလမ်းအတိုင်း Honda Fit ယာဉ်ဖြင့် ၁ ဦးတည်း မောင်းနှင်လာစဉ် အနောက်က အမျိုးသား ၂ ဦး စီးနင်းလာသည့် လိုက်ပါလာပြီး သေနတ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲအုပ်မြင့်လွင်မှာ ဦးခေါင်းယာဘက်နားထင်ပွင့်ထွက်ဒဏ်ရာရှိကာ နေရာ၌ပင် သေဆုံးခဲ့ ကြောင်း သိရသည်။
#PeopleMedia