ရေးမြို့နယ်တွင် KNLA/PDF အဖွဲ့မှ ခရီးသည်တင်ယာဉ်အား ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရ
PUBLISHED - August 18, 2023
နေပြည်တော်၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာလမ်းဆုံတွင် ဩဂုတ်လ ၁၆ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က KNLA/PDF ပူးပေါင်းအဖွဲ့များက ခရီးသည်တင်ယာဉ် ၁ စီးအား လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် ၁ စီးသည် နှစ်ကရင်ရွာလမ်းဆုံအနီး အရောက်တွင် KNLA/PDF အဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်လိုက်ပါလာသူ ရေမြို့နယ်နေ ထိုင်သူ မမေရတနာထွန်း ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့၍ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းနေ့ နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပုဇွန်မြှောင်းရွာနှင့် အင်ဝိုင်း ရွာကြားတွင် ဝင်းရတနာ ခရီးသည်တင်ယာဉ်အား KNU/PDF အဖွဲ့များက လက်နက်ငယ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
#PeopleMedia