ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - April 8, 2024
နေပြည်တော်၊ ဧပြီ ၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်နှင့် အခြားအမျိုးသားတစ်ဦးတို့သည် ကော့ဒွတ် ကျေးရွာမှ ကျိုက်မင်းဝဘုရားဘက်သို့ ကားဖြင့်မောင်းနှင်သွားနေစဉ် ကော့ဒွတ်ကျေးမှ တစ်ဖာလုံအကွာ ကျိုက်မင်ဝဘုရားသွားသည့်လမ်းတွင် PDF အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး၊ ဦးအနိုင်နှင့် အတူပါလာသည့် အမျိုးသားတစ်ဦးကိုလည်း PDF များမှ ဖမ်းဆီးသွားကြောင်း သိရသည်။
ရေးမြိုနယ်၊ ကော့ဒွတ်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းအား သေဆုံးခဲ့ကြောင်း သိရသည်။
ဦးစန်းဝင်း ပစ်သတ်ခံရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကို ဦးအနိုင်က တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း တာဝန်မှ အနားယူထားသူဖြစ်ကြောင်း သိရသည်။
#PeopleMedia