• Follow Us on
Latest News

Home ရေးမြို့ရှိ မြဝတီဘဏ်အား လာရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး ပြည်သူ ၁ ဦး ဒဏ်ရာ ရရှိ

ရေးမြို့ရှိ မြဝတီဘဏ်အား လာရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး ပြည်သူ ၁ ဦး ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်တွင် စက်တင်ဘာ ၂၆ ရက် မွန်း တည့် ၁၂ နာရီကျော်အချိန်က အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် ရန်မျိုးအောင်ရပ်ကွက်ဘက်မှလာသည့် စိစစ်ဆဲ အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်၍ ဘုရင့်နောင်လမ်းမကြီးအတိုင်း ရန်မျိုးအောင် ရပ်ကွက်ဘက်သို့ မောင်းနင်ထွက်ပြေးသွားကြောင်း သိရသည်။

 

ထိုသို့ လာရောက်ပစ်ခတ်မှုကြောင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး၊ ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါ ပစ်ခတ်မှုအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post