• Follow Us on

Home ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေးဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ ခရီးသည်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၉ ရက် နံနက် ၈:၃၀ အချိန်တွင် ရေးမြို့မှ ထားဝယ်သို့ မောင်းနှင်လာသည့် Probox ခရီး သည်မော်တော်ယာဉ်မှာ ရေးဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ သာယာမွန်ကျေးရွာနှင့် မိုင်(၆၀) ကျေးရွာကြား၊ ရေး-ထားဝယ်ကားလမ်းပေါ်၌ PDF များမှ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းအမျိုးသားနှင့်ခရီးသည် (၄) ဦးအနက် ခရီး သည်အမျိုးသားတစ်ဦးမှာ ဘယ်ဘက်ပေါင်တွင် မစိုးရိမ်ရသည့်ဒဏ်ရာများရရှိကြောင်း ထိုဒဏ်ရာရရှိသည့် အမျိုးသားကို တာဝန်ရှိသူများမှ ဆေးရုံသို့ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#peopleMedia


Share this post