• Follow Us on

Home ရေး-ထားဝယ်ကားလမ်းမရှိ သံကူကွန်ကရစ်တံတားပြုပြင်ပြီး၍ ယာဉ်များ ဖြတ်သန်းနေ

ရေး-ထားဝယ်ကားလမ်းမရှိ သံကူကွန်ကရစ်တံတားပြုပြင်ပြီး၍ ယာဉ်များ ဖြတ်သန်းနေ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာရှိ ရေး-ထားဝယ်ပြည်ထောင်စု လမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၅၁/၈) ဖာလုံကြားတွင် ဩဂုတ် ၂၁ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာ သွန်းပြီး ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ ပြိုကျခဲ့၍ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်းထားခဲ့ရသည်။ အဆိုပါလမ်းပိုင်းကို ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီကစတင်၍ အမြန်ဆုံးပြီးစီးအောင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ယာဉ်များ ပြန် လည်ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းသည်ဩဂုတ် (၂၁) ရက် ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှု ကြောင့် သံကူကွန်ကရစ်တံတား အရှည် (၁၅) ပေ၊ အကျယ် (၁၈) ပေလမ်းအပိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်း များပိတ်ဆို့ခြင်း၊ လမ်းပြတ်သွားခြင်းများဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia


Share this post