• Follow Us on

Home ရဲချုပ်ကြီးဆူရာချိတ်အိမ်ဝင်ရောက်စီးနင်းမှုကို စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် သုံးဦးကော်မတီကို တာဝန်ပေး

ရဲချုပ်ကြီးဆူရာချိတ်အိမ်ဝင်ရောက်စီးနင်းမှုကို စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် သုံးဦးကော်မတီကို တာဝန်ပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

အွန်လိုင်းလောင်းကစားနဲ့ ဆက်နွယ်ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထိပ်တန်းရဲအရာရှိတစ်ဦးရဲ့အိမ်ကို စက် တင်ဘာလ ၂၅ ရက်နေ့ (တနင်္လာနေ့) က ဝင်ရောက်စီးနင်းခဲ့တာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေနဲ့ ဥပဒေကြောင်းအရ ဆက်စပ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် သုံးဦးကော်မတီအဖွဲ့တစ်ဖွဲ့ကို ဝန်ကြီးချုပ် ဆ ရက်ထာထာဗီဆင်က ခန့်အပ်လိုက်ပါတယ်။

 

အဲဒီကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း ချတ်ချိုင်းဖရမ်လတ်က ဥက္ကဋ္ဌအဖြစ် ဦး ဆောင်ပြီး ဒုတိယရှေ့နေချုပ်ဟောင်း ချတ်ဖောင်းဂျီရာပန်သူနဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမင်းကြီး ဟောင်းဖြစ်သူ ဒုတိယရဲချုပ်ကြီး ဝီနိုင်ထောင်ဆောင်တို့က ကော်မတီအဖွဲ့ဝင်နဲ့ အတွင်းရေးမှူးအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

 

ကော်မတီဥက္ကဋ္ဌအနေနဲ့ ဝန်ကြီးချုပ်ရုံးကနေ လက်ထောက်အတွင်းရေးမှူး နှစ်ဦးအထိ ခန့်အပ်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။ အခုကော်မတီဖွဲ့စည်းဖို့ အမိန့်ကို ဝန်ကြီးချုပ်ရုံးကတစ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ကော်မတီဟာ စုံစမ်းစစ်ဆေးမှုအခြေအနေတွေကို ဝန်ကြီးချုပ်ထံကို ၁၀ ရက်တစ်ကြိမ်အစီရင်ခံရမှာဖြစ်ပြီး ဒီ တာဝန်ကို ရက်ပေါင်း ၃၀ အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်သလို ဝန်ကြီးချုပ်ထံကို တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ခန့်အပ်ထားတဲ့ သုံးဦးကော်မတီအဖွဲ့ဝင်တွေဟာ ဂုဏ်သိက္ခာနဲ့ အရည်အချင်းပြည့်ဝတဲ့သူတွေဖြစ် တယ်လို့ သတ်မှတ်ထားကြတဲ့သူတွေဖြစ်ပါတယ်။

 

ချတ်ချိုင်းဖရမ်လတ်ကို အခုနှစ် မတ်လအတွင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

 

ရှေ့နေချုပ်ရုံးနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေးဖို့နဲ့ ကြီးကြပ်ဖို့အတွက် အရည်အချင်းနဲ့ အတွေ့ အကြုံရှိတဲ့ ချတ်ချိုင်းကို အခုလိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ချတ်ဖောင်းဂျီရာပန်သူကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ကျွမ်းကျင်မှုရှိတာကြောင့် ဥပဒေလောကမှာ အထင်ကြီးလေးစားခံရသူတစ်ဦးဖြစ်ပါတယ်။

 

ချတ်ဖောင်းဟာ အတွေ့အကြုံရင့်ကျင့်သူဖြစ်တဲ့အပြင် အထူးတရားရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေချုပ်ရုံးလက်အောက်ရှိ စီးပွားရေးဆိုင်ရာပြစ်မှုရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ထိပ်တန်းရာထူးတွေကို တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

 

ဒုတိယရဲချုပ်ကြီး ဝီနိုင်ထောင်ဆောင်ကတော့ မြို့တော်ရဲတပ်ဖွဲ့မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါ တယ်။ ဝီနိုင်ဟာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်ခဲ့တဲ့သူတွေထဲမှာ အဓိကအခန်းကဏ္ဍကပါဝင် ခဲ့တဲ့သူဖြစ်ပါတယ်။

 

ဝီနိုင်ဟာ ဂုဏ်သိက္ခာ၊ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်အခြေခံပြီး ထူးချွန်ထက်မြက်တဲ့ရဲအရာရှိတွေကို ထောက်ပံ့ခဲ့တဲ့အတွက် လူသိများထင်ရှားတဲ့သူဖြစ်ပါတယ်။

 

ဝီနိုင်ရဲ့ ရိုးသားမှု၊ ရဲအရာရှိတွေရဲ့အနာဂတ်ပိုမိုကောင်းမွန်လာအောင် ပြဿနာတွေကို တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ရာမှာ လိုလိုလားလားဆန္ဒရှိမှုတို့အတွက် လူသိများတဲ့ ဂုဏ်သတင်းတွေကြောင့် ၎င်းကို ကော်မတီ မှာ ခန့်အပ်ခဲ့တာဖြစ်နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

 

လောင်းကစားမှုတွေနဲ့ ဆက်နွယ်နေတဲ့မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲချုပ်ကြီးဆူရာချိတ်ဟတ်ဖန်းရဲ့ အိမ်ကို တနင်္လာနေ့ မနက်ပိုင်းမှာ ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

 

Ref: PM appoints 3-man panel to investigate raid on houses of high-level police officers

 

#PeopleMedia


Share this post