• Follow Us on

Home ရဲချုပ်ကြီးဆူရာချိတ်အိမ် ရှာဖွေစစ်ဆေးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ရဲချုပ်ကြီးထောဆိတ် တစ်ပြေးနေ

ရဲချုပ်ကြီးဆူရာချိတ်အိမ် ရှာဖွေစစ်ဆေးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ရဲချုပ်ကြီးထောဆိတ် တစ်ပြေးနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

 

အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့သံသယနဲ့ တနင်္လာနေ့က ရဲချုပ်ကြီးဆူရာ ချိတ်ဟက်ဖန်းရဲ့အိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲတစ်ဦးဖြစ်သူ ရဲချုပ်ကြီးထောဆိတ်ဆတ်ဗီမိုလ်ကို ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ဗုဒ္ဓဟူးနေ့မှာ အမည်စာရင်းတင်သွင်းလိမ့်မယ် ဆို တဲ့သတင်းတွေထွက်ပေါ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

 

တနင်္လာနေ့မနက်ပိုင်းက ရဲချုပ်ကြီးဆူရာချိတ်ရဲ့အိမ်အပါအဝင် ဘန်ကောက်မြို့နဲ့ ဖတ်ချာဘူရီ ပြည် နယ်၊ ဆမွတ်ဆခုန်ပြည်နယ်၊ ခုန်ခီယမ်ပြည်နယ်၊ ဥဒါန်းဌာနီပြည်နယ်နဲ့ ဆရာဘူရီပြည်နယ် စတဲ့ပြည်နယ် ငါးပြည် နယ်က အိမ်ပေါင်း ၃၀ ဝန်းကျင်ကို ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။

 

ဝင်ရောက်ရှာဖွေတဲ့အထဲက အိမ်လေးငါးအိမ်ဟာ ရဲချုပ်ကြီးဆူရာချိတ်နဲ့ နီးစပ်တဲ့ ရဲအရာရှိတွေရဲ့အိမ်တွေဖြစ် ပြီး အဲဒီရဲအရာရှိတွေဟာလည်း လာအိုနိုင်ငံမှာအခြေပြုလှုပ်ရှားနေပြီး ဘတ်ငွေတစ်ဘီလျံကျော်လည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်နေ့မှာ အနားယူမယ့် လက်ရှိရဲချုပ်ကြီးဒမ်ရောင်းဆတ်ကစ်တီပရာပတ်စ်နေရာကိုဆက် ခံဖို့အတွက် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ရဲတပ်ဖွဲ့အကြီးအကဲအသစ်တစ်ဦးကို ရွေးချယ်လိမ့်မယ်လို့ခန့် မှန်းထားတဲ့အချိန်မှာ အခုလို စုံစမ်းရှာဖွေမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာအနေနဲ့ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့်အစည်းအဝေးမှာ ရဲချုပ်ကြီးထောဆိတ်ကို အမည်စာရင်း တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားကြကြောင်း ရဲတပ်ဖွဲ့ပြန်တမ်းဝင်ရာထူးခန့်အပ်ရေးဌာနနဲ့ နီးစပ်တဲ့သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ရဲချုပ်ကြီးဆူရာချိတ်ဟာ ရဲတပ်ဖွဲ့အတွင်း အငယ်တန်းရဲအရာရှိတွေကို တရားမျှတမှုမရှိတဲ့နေရာအပြောင်းအရွှေ့ တွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် ရဲတပ်ဖွဲ့ပြန်တမ်းဝင်ရာထူးခန့်အပ်ရေးဌာနက ရဲအရာရှိကြီးအများစု က ဆူရာချိတ်ကို မထောက်ခံကြဘူးလို့ အဲဒီသတင်းရင်းမြစ်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။

 

“ရဲချုပ်ကြီးဆူရာချိတ်ဟာ အငြိမ်းစားမယူခင် ၈ နှစ် တာဝန်ထမ်းဆောင်ရဦးမှာဖြစ်ပါတယ်။ သူ့အိမ်ကို အခုလို ဝင်ရောက်စီးနင်းရှာဖွေခံလိုက်ရပြီးနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်ဖို့ အခွင့်အလမ်းနဲ့ လွဲချော်သွား ပြီလို့ ပြောနိုင်ပါတယ်။” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

 

နောက်ထပ်ယှဉ်ပြိုင်ဘက်နှစ်ဦးကတော့ လာမယ့်နှစ်မှာအနားယူရတော့မယ့် ရဲချုပ်ကြီးရွိုင်းအင်ကာပဲရုတ်နဲ့ ၂၀၂၆ ခုနှစ်မှာ အနားယူရမယ့် ရဲချုပ်ကြီးကစ်တီရတ်ဖန်းဖတ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးဟာ နာမည်သိပ်မ ထွက်တဲ့အရာရှိကြီးတွေဖြစ်ပြီး ရဲတပ်ဖွဲ့အကြီးအကဲဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ဆိုပါတယ်။

 

တခြားတစ်ဘက်မှာတော့ ရဲချုပ်ကြီးထောဆိတ်ဟာ ပြစ်မှုနှိမ်နှင်းဌာနမှာ တာဝန်ထမ်းဆောင်ပြီးနောက် နာမည် ကြီးလာတဲ့အရာရှိကြီးတစ်ဦးဖြစ်တယ်လို့ အထက်က သတင်းရင်းမြစ်က ပြောပါတယ်။

 

ထောဆိတ်ဟာ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) မှာ ဒုတိယအကြီးအကဲအဖြစ်တာဝန်မထမ်းဆောင်မီ အမှတ် ၉၀၄ တော်ဝင်ရဲတပ်ဖွဲ့လုံခြုံရေးတပ်မှာ တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 

၎င်းနောက် ထောဆိတ်ဟာ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) ရဲ့အကြီးအကဲဖြစ်လာပြီးနောက် အခုလို ရဲတပ်ဖွဲ့ကြီး ရဲ့ ဒုတိယအကြီးအကဲဖြစ်လာတာဖြစ်ပါတယ်။

 

ရဲချုပ်ကြီးဆူရာချိတ်ကတော့ တနင်္လာနေ့က စစ်ဆေးရှာဖွေမှုအတွက်ပါလာတဲ့ဝရမ်းမှာ ၎င်းရဲ့နာမည်မပါဘဲ အိမ်နံပတ်တစ်ခုတည်းသာပါတဲ့အတွက် ၎င်းကိုနာမည်ဖျက်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်တာ ကြောင့် တရားရုံးက ဝရမ်းထုတ်ပေးလိုက်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ညီရဲ့လားလို့မေးခွန်းထုတ်လိုက်ပါတယ်။

 

“ရဲတပ်ဖွဲ့အတွင်းမှာ အားပြိုင်မှုတစ်ရပ်ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံရမှာဖြစ်တယ်။ အဲဒီစစ်ဆင်ရေး ဟာ နာမည်ဖျက်ဖို့လုပ်ခဲ့တဲ့စစ်ဆင်ရေးဖြစ်ပါတယ်။ အဲဒီရှာဖွေစစ်ဆေးမှုကိုလုပ်ဖို့ ဘယ်သူက အမိန့်ပေးခဲ့သလဲ ဆိုတာကို ကျွန်တော်မသိပါဘူး။” လို့ ဆူရာချိတ်က ပြောပါတယ်။

 

လောင်းကစားဝက်ဆိုက်တွေမှာပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စွပ်စွဲချက်တွေ ကို ဖြေရှင်းပြီး ၎င်းတို့အပြစ်မရှိကြောင်း သက်သေပြရမှာဖြစ်ကြောင်း၊ ၎င်းအနေနဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ဆက်စပ်မှုမရှိကြောင်း ရဲချုပ်ကြီးဆူရာချိတ်က ပြောပါတယ်။

 

၎င်းရဲ့လက်အောင်အရာရှိတွေကို ယုံကြည်ကြောင်းပြောပေမဲ့ ၎င်းတို့ပြစ်မှုကျူးလွန်ထားကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိရင်တော့ ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်း ဆူရာချိတ်က ပြောပါတယ်။

 

Ref: Torsak tipped as new top cop

 

#PeopleMedia


Share this post