• Follow Us on

Home ရဲချုပ်ကြီးထောဆိတ်ကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်

ရဲချုပ်ကြီးထောဆိတ်ကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲချုပ်ကြီး ထောဆိတ်ဆတ်ဗီမိုလ်ကို အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ အဖြစ်ခန့်အပ်လိုက်ကြောင်း ရဲတပ်ဖွဲ့ရာထူးခန့်အပ်ရေးဌာနက စက်တင်ဘာလ ၂၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကြေညာလိုက်ပါတယ်။

 

ရဲချုပ်ကြီးထောဆိတ်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အနားယူတော့မယ့် ရဲချုပ်ကြီးဒမ်ရောင်းဆက်ကစ်တီ ပရာပက်စ်ရဲ့ ရာထူးကို လွှဲပြောင်းယူရမှာဖြစ်ပါတယ်။

 

ထိုင်းရဲတပ်ဖွဲ့ရဲ့ ၁၄ ယောက်မြောက် အကြီးအကဲကို ရွေးချယ်ခန့်အပ်ဖို့ အစည်းအဝေးကို ဦးဆောင်ကျင်းပဖို့အ တွက် ဗုဒ္ဓဟူးနေ့က တော်ဝင်ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်ကို ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ရောက်ရှိလာခဲ့ပါတယ်။

 

မစ္စတာဆရက်ထာဟာ ရဲတပ်ဖွဲ့ဌာနချုပ်ထဲကိုမဝင်ရောက်ခင်မှာ မိုးရေထဲမှာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပါတယ်။

 

တော်ဝင်ထိုင်းရဲတပ်ဖွဲ့အက်ဥပဒေအရ ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ရာထူးခန့်အပ်ရေးဌာနရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

 

မစ္စတာဆရက်ထာက ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ရဲချုပ်ကြီးထောဆိတ်ရဲ့ အမည်စာရင်းကို တင်သွင်းခဲ့ပြီး တက် ရောက်လာသူများက ရဲချုပ်ကြီးထောဆိတ်ကို မဲပေးရွေးချယ်ရာမှာ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၁ မဲ ရရှိခဲ့ပါ တယ်။

 

အစည်းအဝေးကျင်းပနေစဉ်အတွင်းမှာ ရဲတပ်ဖွဲ့ရာထူးခန့်အပ်ရေးဌာနရဲ့အဖွဲ့ဝင်တွေက အလားအလာရှိတဲ့ရဲ ချုပ်ကြီးတွေရဲ့ အရည်အချင်းတွေကို စဉ်းစားချင့်ချိန်နိုင်ဖို့အတွက် ရဲချုပ်ကြီးထောဆိတ်၊ ရဲချုပ်ကြီးကီထရတ် ဖန်းဖတ်နဲ့ နောက်ထပ်ရဲချုပ်ကြီးတစ်ဦးကို အစည်းအဝေးခန်းမထဲကနေ အပြင်ဘက်ကို ခေတ္တထွက်ခိုင်းခဲ့ပါ တယ်။

 

ကနဦးက ရဲတပ်ဖွဲ့အကြီးအကဲအဖြစ်ယှဉ်ပြိုင်နိုင်မယ့်သူ ၄ ဦးအတက် တစ်ဦးဖြစ်သူပတ်သက်နေတဲ့ပြဿနာကို အရင်ဆုံးရှင်းလင်းသင့်တယ်လို့ ရဲတပ်ဖွဲ့ရာထူးခန့်အပ်ရေးဌာနရဲ့အဖွဲ့ဝင်တွေက ယူခဲ့ပြီး ရဲတပ်ဖွဲ့အကြီးအကဲခန့် အပ်ရေးကို အောက်တိုဘာလ မတိုင်မီရပ်နားထားဖို့ စီစဉ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

လေးဦးထဲက တစ်ဦးဆိုတာကတော့ လောင်းကစားဝက်ဆိုက်တွေနဲ့ဆက်နွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တနင်္လာ နေ့က နေအိမ်ကိုဝင်ရောက်ရှာဖွေခံရတဲ့ ရဲချုပ်ကြီးဆူရာချိတ်ဟတ်ဖန်းကို ဆိုလိုတာပါ။

 

ရဲချုပ်ကြီးဆူရာချိတ်ဟာ မစ္စတာဆရက်ထာကို ကြိုဆိုဖို့ တော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်ကို ရောက်မလာခဲ့ဘူးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

 

ရဲချုပ်ကြီးထောဆိတ်ဟာ ယှဉ်ပြိုင်ဘက်လေးဦးထဲမှာ စတုတ္ထမြောက်စီနီယာဖြစ်ပါတယ်။ လေးဦးထဲမှာ ရဲချုပ် ကြီးအင်ကာပိုင်ရုတ်က စီနီယာအကျဆုံးဖြစ်ပြီး ရဲချုပ်ကြီးဆူရာချိတ်က ဒုတိယစီနီယာအကျ ဆုံးဖြစ်ကာ ရဲချုပ် ကြီးကီထရတ်က တတိယမြောက်စီနီယာဖြစ်ပါတယ်။

 

ရဲချုပ်ကြီးထောဆိတ်ဟာ ပြစ်မှုနှိမ်နှင်းရေးဌာန (CSD) မှာ ထင်ရှားကျော်ကြားတဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာမွေးဖွားခဲ့တဲ့ထောဆိတ်ဟာ သမ်မာဆတ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီး Caltex Oil Thailand ကုမ္ပဏီမှာ ဝန်ထမ်းအဖြစ်စတင်လုပ်ကိုင်ခဲ့ပါတယ်။

 

အဲဒီနောက် ဥပဒေ၊ နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူ့အုပ်ချုပ်ရေးပညာရပ်တွေအတွက် သင်တန်းတက်ခဲ့ပြီး အဲဒီသင် တန်းကြောင့် ရဲအရာရှိတစ်ဦးဖြစ်ဖို့ အခွင့်အလမ်းရရှိခဲ့ပါတယ်။

 

ထောဆိတ်ဟာ ၁၉၉၇ ခုနှစ်မှာ ရဲတပ်ဖွဲ့ကိုဝင်ရောက်ခဲ့ပြီး အမှတ် ၁၉၁ ရဲတပ်ဖွဲ့အဖြစ်လူသိများတဲ့ ကင်းလှည့်နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှာ ဒုရဲအုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

အဲဒီနောက် ၎င်းဟာ ပြစ်မှုနှိမ်နှင်းရေးဌာန (CSD) ကို ရောက်ရှိခဲ့ပြီး အဲဒီကတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားရဲတပ် ဖွဲ့ကို ရောက်ရှိခဲ့ကာ ပြစ်မှုနှိမ်နှင်းရေးဌာန (CSD) ကို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိခဲ့ပါတယ်။

 

အဲဒီနောက် အမှတ် ၉၀၄ တော်ဝင်ထိုင်းရဲလုံခြုံရေးတပ်ရ်းမှာ တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အထူးစုံ စမ်းစစ်ဆေးရေးဗျူရို (CIB) မှာ ဒုတိယအကြီးအကဲနဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

Ref: Torsak named police chief

 

#PeopleMedia


Share this post