ရဲဇာနည်နှင့် Yangon Police Facebook စာမျက်နှာများကို Facebook ဖယ်ရှား
PUBLISHED - February 25, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ (People Media)
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် ရဲဇာနည်လူမှုကွန်ယက်စာမျက်နှာနှင့် Yangon Police လူမှုကွန်ယက်စာမျက်နှာတို့ကို Facebook က ဖယ်ရှားလိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်ရေးအတွက် အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာများသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သတင်းထုတ်ပြန်ချက်များနှင့် မှုခင်းဖြစ်စဉ်များကို ဖော်ပြလျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာနှင့် MRTV ၏ လူမှုကွန်ယက်စာမျက်နှာတို့ သက်ဆိုင်ရာ Facebook ကုမ္ပဏီက ဖယ်ရှားခဲ့ပြီးနောက် ယခု မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာများပါ ဆက်လက်ဖယ်ရှားခံရခြင်းဖြစ်သည်။
#PeopleMedia #MyanmarPolice
(unicode)
……………………………………….
#PeopleMedia #MyanmarPolice