ရဲတပ်ဖွဲ့ဝင်များမရှိသည့် ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုက်ကျေးရွာရှိ ရဲစခန်း မီးရှို့ဖျက်ဆီးခံရ
PUBLISHED - October 11, 2021
ဒီပဲယင်း၊ အောက်တိုဘာ – ၁၁ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုက်ကျေးရွာအုပ်စု သစ်ရာအိုက်ကျေးရွာရဲစခန်းသည် အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီအကျော်က မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
အဆိုပါ ရဲစခန်းသည် ၂၀၂၁ ခုနှစ် မတ်လပထမအပတ်က ရုတ်သိမ်းထားသော သစ်ရာအိုက်ကျေးရွာရဲစခန်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံးဝမရှိသော ရဲစခန်းဖြစ်ကြောင်း ဒေသခံအချို့က People Media သို့ ပြောဆို သည်။
အဆိုပါ ရဲစခန်းသည် မနေ့ည ၈ နာရီအချိန်ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ် သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ၁ ထပ်စခန်းရုံး ၁ လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် ၁ ထပ် အချုပ်ခန်းပါ လူပျိုဆောင် ၁ လုံး မီးလောင်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၇၃၆၀၀၀ ခန့်ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia #ဒီပဲယင်း #မြန်မာနိုင်ငံရဲတပ်ဖွဲ့
(unicode)
…………………………………………………….
Photo – Credit