ရဲတပ္သား ေသဆုံးမႈ၌ ကုိယ္ထိလက္ေရာက္ က်ဴးလြန္သူမ်ားကုိ အေရးယူေပးရန္ မိသားစုဝင္မ်ားမွ ရဲခ်ဳပ္ထံ တုိင္ၾကား
PUBLISHED - November 19, 2019
ရန္ကုန္၊ ႏုိဝင္ဘာ – ၁၉
ခ်င္းျပည္နယ္၊ ကန္ပတ္လက္ၿမိဳ႕ရွိ ရဲတပ္သား ေသဆုံးမႈ၌ ကုိယ္ထိလက္ေရာက္ က်ဴးလြန္သူမ်ားကုိ အေရးယူ ေပးရန္ မိသားစုဝင္မ်ားမွ ႏုိဝင္ဘာ(၁၆)ရက္ေန႔တြင္ ရဲခ်ဳပ္ထံ တုိင္ၾကားစာ ေပးပုိ႔ခဲ့သည္။
ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာ(၁၆)ရက္၌ တာဝန္ၿပီးဆုံးခ်ိန္၌ အျပန္ ရဲတပ္သား ထင္မနားကုိ လူတစ္စုမွ ဝုိင္းဝန္ထုိး ႀကိတ္က်ရာ ၄င္းသည္ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ၿပီး ေအာက္တုိဘာ(၁၇)ရက္ေန႔၌ က်င္ေဒြးေဆး႐ုံသုိ႔ ေရာက္ရွိခဲ့သည္။
ထုိ႔ေနာက္ (၁၈)ရက္ေန႔တြင္ မိသားစုဝင္မ်ားမွ ကန္ပတ္လက္ၿမိဳ႕သုိ႔ သြားေရာက္ေဆး ကုသခဲ့ၿပီး (၁၉)ရက္ေန႔၌ ဒဏ္ရာမ်ားျဖင့္ ကြယ္လြန္ခဲ့သည္။
ရဲတပ္သား ေသဆုံးမႈ ျဖစ္စဥ္အေပၚ မိသားစုဝင္မ်ားက ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံ တုိင္ၾကားေသာ္လည္း အေရးယူျခင္း မရွိေသာေၾကာင့္ တရားမွ်တမႈရရွိရန္ ရဲခ်ဳပ္ထံ ထပ္မံတုိင္ၾကားခဲ့သည္။
#PeopleMedia #ChinState #Justic
(Unicode)
ရဲတပ်သား သေဆုံးမှု၌ ကိုယ်ထိလက်ရောက် ကျူးလွန်သူများကို အရေးယူပေးရန် မိသားစုဝင်များမှ ရဲချုပ်ထံ တိုင်ကြား
………………………………………………………………….
ရန်ကုန်၊ နိုဝင်ဘာ – ၁၉
ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့ရှိ ရဲတပ်သား သေဆုံးမှု၌ ကိုယ်ထိလက်ရောက် ကျူးလွန်သူများကို အရေးယူ ပေးရန် မိသားစုဝင်များမှ နိုဝင်ဘာ(၁၆)ရက်နေ့တွင် ရဲချုပ်ထံ တိုင်ကြားစာ ပေးပို့ခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁၆)ရက်၌ တာဝန်ပြီးဆုံးချိန်၌ အပြန် ရဲတပ်သား ထင်မနားကို လူတစ်စုမှ ဝိုင်းဝန်ထိုး ကြိတ်ကျရာ ၄င်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာ(၁၇)ရက်နေ့၌ ကျင်ဒွေးဆေးရုံသို့ ရောက်ရှိခဲ့သည်။
ထို့နောက် (၁၈)ရက်နေ့တွင် မိသားစုဝင်များမှ ကန်ပတ်လက်မြို့သို့ သွားရောက်ဆေး ကုသခဲ့ပြီး (၁၉)ရက်နေ့၌ ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။
ရဲတပ်သား သေဆုံးမှု ဖြစ်စဉ်အပေါ် မိသားစုဝင်များက မြို့နယ်ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိသောကြောင့် တရားမျှတမှုရရှိရန် ရဲချုပ်ထံ ထပ်မံတိုင်ကြားခဲ့သည်။
#PeopleMedia #ChinState #Justic
#PeopleMedia #ChinState #Justic