• Follow Us on

Home ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၃၁

 

ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန် တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် မြေပြင်၌ အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် ကောင်းမွန်စွာဆက်ဆံဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

 

“အဆင့်ဆင့်သတင်းပေးတဲ့စနစ်ကို ဖော်ဆောင်ပြီး ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မယ့် သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဆင့်ဆင့် သတင်းပေးတဲ့ စနစ်ကိုကျင့်သုံးရင် အမှုအခင်းတွေလည်း များစွာလျော့နည်းသွားမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲ ကျင်းပမှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍကို အလေးထားဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သိရှိနိုင်ရေး ယခုကဲ့သို့အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးမှတဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post