• Follow Us on
Latest News

Home ရဲဘော်များထိခိုက်ကျဆုံးမှုများကြောင့် မြို့သိမ်းတိုက်ခိုက်မှုအား ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ထီးချိုင့် PDF ထုတ်ပြန်

ရဲဘော်များထိခိုက်ကျဆုံးမှုများကြောင့် မြို့သိမ်းတိုက်ခိုက်မှုအား ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ထီးချိုင့် PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

ရဲဘော်များ ထိခိုက်ကျဆုံးမှုများကြောင့် မြို့သိမ်းတိုက်ခိုက်မှုအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထီးချိုင့် PDF မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်တွင် ရဲဘော်များ၏ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုအချို့ကြောင့်အပြင် တပ်မတော်၏ တိုက်ခိုက်မှုများ ကြောင့် မိမိတို့တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ခိုက်မှုအား ယနေ့ညမှစ၍  ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုအား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမား များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်း ဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာန ဆိုင်ရာအဆောက်အဦများအား မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် ထီးချိုင့်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာ များဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေ အိမ်အဆောက်အဦများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ် ၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာ ၁၂ ရက်တွင် အကြမ်းဖက်သမားများသည် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သိရသည်။

 

#PeopleMedia


Share this post