• Follow Us on

Home ရဲအရာရှိအသတ်ခံရတဲ့ ကမ်နန်အမှုမှာ ဘယ်ပုဂ္ဂိုလ်ကိုမှ ကြားဝင်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ကြောင်း CIB ပြော

ရဲအရာရှိအသတ်ခံရတဲ့ ကမ်နန်အမှုမှာ ဘယ်ပုဂ္ဂိုလ်ကိုမှ ကြားဝင်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ကြောင်း CIB ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

အခုလအတွင်း နခုန်ပထုမ်က ဒေသခံ ကမ်နန်အိမ်မှာဖြစ်ပွားခဲ့တဲ့ အမြန်လမ်းရဲအရာရှိပစ်သတ်ခံရတဲ့အမှု စုံစမ်း စစ်ဆေးနေတဲ့လုပ်ငန်းစဉ်ထဲမှာ ဘယ်လိုသြဇာလွှမ်းမိုးတဲ့ပုဂ္ဂိုလ်မှ ကြားဝင်စွက်ဖက်လာမှာကို ခွင့်ပြုမှာမဟုတ် ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က အင်္ဂါနေ့ (စက်တင်ဘာလ ၂၆ ရက်နေ့က) က ပြောကြားလိုက်ပါ တယ်။

 

စက်တင်ဘာလ ၆ ရက်နေ့က နခုန်ပထုမ်ပြည်နယ်၊ မောင်းခရိုင်က ကမ်နန်နော့လို့ လူသိများတဲ့ ပရာဝီးချန်ခ လိုင်ရဲ့နေအိမ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမြန်လမ်းရဲအရာရှိ ရဲမှူးဆီဝါခုန်ဆိုင်းဘူအာ သေဆုံးသွားသ လို ဒုတိယရဲမှူးကြီးဝါဆင်ပန်ပီး ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ ရဲအရာရှိတွေနဲ့ပတ်သက်တဲ့ အမှုကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

နောက်ပိုင်းမှာ CIB အကြီးအကဲ ဒုတိယရဲချုပ်ကြီးဂျီရပ်ဟော့ဘူရီဒတ်က ပြစ်မှုနှိမ်နှင်းရေးဌာန (CSD) က ဒုတိ ယအကြီးအကဲ ရဲမှူးကြီးအေနက်ထိုဆူဖတ်ကို စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

 

အဲဒီနေ့က ညစာစားပွဲတက်ရောက်ခဲ့သူတွေဟာ အမြန်လမ်းရဲအရာရှိ ရဲမှူးဆီဝါခုန်နဲ့ ဒုတိယရဲမှူးကြီး ဝါဆင် အပါအဝင် ရဲအရာရှိ ၂၉ ဦးပါဝင်ကြောင်း CIB က ဖော်ထုတ်ခဲ့ပါတယ်။

 

အဲဒီရဲတပ်ဖွဲ့ဝင်တွေကို သက်သေအထောက်အထားတွေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေပေါ် အခြေခံပြီး အုပ်စုလေးစု ခွဲထားကြောင်း ဒုတိယရဲချုပ်ကြီးဂျီရပ်ဟော့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

ရဲအရာရှိ ၁၅ ဦးပါဝင်တဲ့ အုပ်စုတစ်စုကတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၅၇ အရ မှားယွင်းစွာဆောင်ရွက်မှုနဲ့ စွပ် စွဲခံထားရတာဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့ဝင်အားလုံးကတော့ ၎င်းတို့အနေနဲ့ အဲဒီအမှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း အခိုင်အမာပြောဆိုထား တယ်လို့ ရဲမှူးကြီးအေနက်က ပြောပါတယ်။

 

“ဥပဒေကြောင်းအရ နောက်ထပ်ဆောင်ရွက်စရာရှိတာတွေ ဆက်လက်မဆောင်ရွက်ခင်မှာ စွပ်စွဲချက်တွေကို ဝန်ခံဖို့အတွက် အခုအုပ်စုမှာပါဝင်တဲ့ ရဲအရာရှိတွေကို ဆင့်ခေါ်သွားမှာဖြစ်ပါတယ်။” လို့ ရဲမှူးကြီးအေနက်က ပြောပါတယ်။

 

အဲဒီအုပ်စုက ရဲအရာရှိတွေကို ၁၀ နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ဘတ်ငွေ ၂,၀၀၀ ကနေ ၂၀,၀၀၀ အထိ ငွေဒဏ်ချမှတ်သွားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။

 

တခြားအုပ်စုတွေမှာတော့ မစ္စတာပရာဝီးနဲ့ တပည့်ဖြစ်သူ သေနတ်သမားတို့ ထွက်ပြေးလွတ်မြောက်အောင် ကူ ညီပေးခဲ့တဲ့အတွက် စက်တင်ဘာလ ၁၀ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ရဲအရာရှိ ၆ ဦးကိုတော့ “အခြားအုပ်စု” လို့ ဖော်ပြထားပြီး ရဲမှူးဆီဝါခုန်နဲ့ ဒုတိယရဲမှူးကြီး ဝါဆင်တို့ကိုတော့ ပြစ်မှုကျူးလွန်ခံရသူများအဖြစ် ဖော်ပြထားပါ တယ်။

 

အဲဒီအထဲမှာ ရဲမှူးဆီဝါခုန်ရဲ့အထက်အရာရှိဖြစ်တဲ့ ရဲမှူးကြီးဝါချီရာယိုထိုင်းဆောင်ကတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

 

“ဒီအမှုမှာ အဆင့်မြင့်ရဲအရာရှိကြီးတွေနဲ့ သြဇာလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတဲ့အတွက် CIB အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို တရားမျှတစွာဆောင်ရွက်သွားမှာဖြစ်သလို ဘယ်အရာရှိ၊ ဘယ်လို သြဇာလွှမ်းမိုးတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ စုံစမ်းစစ်ဆေးရေးကိစ္စကို ကြားဝင်လွှမ်းမိုးခွင့်မပြုဘူးဆိုတာကို အခိုင်အမာပြောကြားခဲ့ပြီးဖြစ်ပါတယ်။” လို့ ဒုတိယရဲချုပ်ကြီးဂျီရပ်ဟော့က ပြောပါတယ်။

 

မစ္စတာပရာဝီးကို တင်ဒါရရှိရေးလိမ်လည်လှည့်ဖျားမှုစွဲချက်တွေတင်ထားတာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ မစ္စတာပရာဝီးအပေါ်တင်ထားတဲ့စွဲချက်တွေနဲ့ပတ်သက်ပြီး လိုအပ်လာရင် ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ် ကြောင်း ဒုတိယရဲချုပ်ကြီးဂျီရပ်ဟော့က ပြောပါတယ်။

 

Ref: CIB wants clean probe into ‘Kamnan Nok’ case

 

#PeopleMedia


Share this post