ရဲအရာရှိ ၁၃ ဦး ခြုံခိုတိုက်ခိုက်ခံရပြီးနောက် မက္ကဆီကိုတောင်ပိုင်းကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀ စေလွှတ်ထား
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂရီယာပြည်နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဒေသခံရဲအရာရှိအကြီးအကဲ တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ခြုံခိုတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားပြီးနောက် အောက်တိုဘာလ ၂၄ ရက်နေ့ (အင်္ဂါနေ့) မှာ မက္ကဆီကိုအစိုးရက အဲဒီဒေသကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀ စေလွှတ်လိုက် ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ဂရီယာပြည်နယ်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှုသုံးခုထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် သမ္မတအန်းဒရီးမန်းဝဲလ်လာပက်ဇ်အော်ဘ ရက်ဒိုက ဝမ်းနည်းကြောင်းနဲ့ အခင်းဖြစ်နေရာကို စစ်ကူတွေစေလွှတ်ထားကြောင်း မနက်ပိုင်းသတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
ဂရီယာပြည်နယ် ကော်ယုကာဒေဘနိတက်ဇ်မြို့နယ်ထဲမှာရှိတဲ့ အယ်လ်ပါပါယိုအမြန်လမ်းမှာ ရဲတပ်ဖွဲ့ဝင် ၁၃ လောင်းတွေ့ရှိခဲ့ပြီးနောက် ပြည်နယ်ရှေ့နေချုပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် နောက်ထပ် နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
လက်ထိပ်ခတ်ထားတဲ့အလောင်းတချို့ကို မှောက်လျက်အနေအထားနဲ့တွေ့ရပြီး တိုက်ခိုက်သူတွေဟာ ရဲတပ်ဖွဲ့ ဝင်တွကို ခြုံခိုတိုက်ခိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတချို့ကို ဖမ်းဆီးထားပြီးမှ သတ်ပစ်လိုက်တာဖြစ် တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့မှာပဲ မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းက တိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုမှာ လူ ၆ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း သိရပါတယ်။
အခုနှစ်အစောပိုင်းကလည်း မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဖာမီလီယာမီကိုကာနာအဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲ တစ်ခုမှာ ရဲအရာရှိနှစ်ဦးနဲ့ အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
သြဂုတ်လအတွင်းမှာတော့ အဲဒီဂိုဏ်းနဲ့ပြိုင်ဘက်ဖြစ်တဲ့ အာရီရိုလာဂိုဏ်းခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံ လိုက်ရပါတယ်။
အဲဒီဖြစ်စဉ်တွေဖြစ်ပွားပြီးကတည်းက ဒေသတွင်းလုံခြုံရေးဆောင်ရွက်မှုအခြေအနေ လျော့ပါးမှုကို ဒေသခံပြည် သူတွေက စောဒကတက်ခဲ့ကြပါတယ်။
အခုနှစ် အောက်တိုဘာလအထိ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် မက္ကဆီကို ရဲအရာရှိ ၃၄၁ ဦး သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကတော့ ရဲအရာရှိ ၄၀၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Ref: Mexico deploys 300 National Guard troopers to area where 13 police officers were killed in an ambush
#PeopleMedia