• Follow Us on
Latest News

Home ရွာငံမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်လိုက်လာသည့် အမျိုးသမီး ၃ ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွာငံမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်လိုက်လာသည့် အမျိုးသမီး ၃ ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၈

 

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ် လိုက်လာသည့် အမျိုးသမီး ၃ ဦးထံမှ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၆နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရွာငံမြို့မှ မန္တလေး မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မလှဟန်(ခ)လှခင်၊ မဝီရိည(ခ)ညအေး နှင့် မကမဲလောတို့ထံမှ ဘိန်း ၁၆.၁၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၈.၄၅ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် ၄.၂ ကီလို(ဒေသ ကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇.၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် မလှ ဟန်(ခ)လှခင်(၄၉)နှစ်၊ မဝီရိည(ခ)ညအေး(၂၆)နှစ် နှင့် မကမဲလာ(၂၈)နှစ်တို့အား ရွာငံမြို့မရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post