• Follow Us on
Latest News

Home ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးရှိ MYTEL တာဝါတိုင်အား PDF က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးရှိ MYTEL တာဝါတိုင်အား PDF က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးတွင် စိုက်ထူ ထားသည့် MYTEL တာဝါတိုင်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် MYTEL တာဝါတိုင်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတာဝါတိုင်သို့ PDF အမည်ခံအကြမ်းဖက်သမားခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိ လာပြီး တာဝါတိုင်ခြံစည်းရိုးအနီး၌ လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် တာဝါတိုင်ခြံစည်းရိုးအဖြစ် ကာရံထားသည့် သွပ်ပြား ၁၆ ချပ်ပျက်စီးဆုံးရှုံးခဲ့ပြီး တာဝါ တိုင်နှင့် စက်ပစ္စည်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post