ရွာငံမြို့နယ်၌ အမျိုးသမီးတစ်ဦးအား PDF မှ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ကာ သတ်ဖြတ်
PUBLISHED - September 24, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး၌ အမျိုးသမီးတစ်ဦးအား PDF အကြမ်း ဖက်သမားများမှ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ကာ သတ်ဖြတ်သွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဒေါ်ခင်မာဝေ(ခ)ဒေါ်မှိုင်းဝေ (၄၇) နှစ်သည် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် “မြင်းကပတ်” တောင်ယာစိုက်ခင်းအတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။
#PeopleMedia