ရှိတ်ခ်ဟာစီနာအား ဆဋ္ဌမမြောက်စွမ်းအားအရှိဆုံးအမျိုးသမီးအဖြစ် Forbes မဂ္ဂဇင်းကမှတ်တမ်းတင်

PUBLISHED - December 10, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာအား အာရှတိုက်တွင် ဆဋ္ဌမမြောက်စွမ်းအားအရှိဆုံးအမျိုးသမီးအဖြစ် Forbes မဂ္ဂဇင်းက စာရင်းသွင်းမှတ်တမ်းတင်ထားလိုက်သည်။
ရှိတ်ခ်ဟာစီနာသည် Forbes မဂ္ဂဇင်းက စာရင်းပြုစုသော ကမ္ဘာ့စွမ်းအားအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် အ မှတ်စဉ် ၄၃ မြောက်အမျိုးသမီးအဖြစ်လည်း နေရာယူထားသူဖြစ်သည်။
အာရှတိုက်ရှိအမျိုးသမီးများတွင် ရှိတ်ခ်ဟာစီနာသည် ထိုင်ဝမ်နိုင်ငံ၏့ပထမဦးဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ် သည့် စိုင်းအင်ဝန် (အမှတ်စဉ် ၉ )၊ မက်ကွာရီအုပ်စု CEO နှင့် MD ရှီမာရာဝီကရာမာနာယာကီ (အမှတ်စဉ် ၂၄)၊ ပါတာမီနာ CEO နစ်ကီဝဒ်ယာဝတီ (အမှတ် ၂၇)၊ တီမာဆက်ထရပ်စ်တတ် ဒါရိုက်တာ ဟိုချောင် (အမှတ် စဉ် ၃၃) နှင့် အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာရ်မာလာစီသာရာမန် (အမှတ်စဉ် ၃၇) တို့၏ အောက်တွင်ရှိသည်။
Forbes မဂ္ဂဇင်းက ၁၈ ကြိမ်မြောက်စာရင်းပြုစုသော စွမ်းအားအရှိဆုံးအမျိုးသမီးများစာရင်းတွင် CEO ၄၀ ဦး၊ ကမ္ဘာ့ခေါင်းဆောင် ၁၉ ဦးနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာအထူးကျွမ်းကျင်သူဆရာဝန်တစ်ဦးပါဝင်သည်။
Forbes မဂ္ဂဇင်းက ၁၈ ကြိမ်မြောက်စာရင်းပြုစုသော ကမ္ဘာ့စွမ်းအားအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို နိုင်ငံ ပေါင်း ၃၀ နှင့် နယ်မြေနေရာပေါင်းများစွာ၊ ဘဏ္ဍာရေး၊ နည်းပညာ၊ နိုင်ငံရေး၊ ပရဟိတ၊ ဖျော်ဖြေရေးနယ်ပယ် များနှင့် အခြားနယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများထံမှ စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။
အမေရိကန်မဂ္ဂဇင်းဖြစ်သော Forbes မဂ္ဂဇင်း၏ စာရင်းတွင် ပရဟိတ်လုပ်ငန်းလုပ်ကိုင်သူ မက်ကန်ဇိုင်းစကော့ မှာ အမှတ်စဉ် ၁ စာရင်းဝင်ပြီး အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ်မှာ အမှတ်စဉ် ၂ စာရင်းဝင်သည်။
ဘင်္ဂလားဒေ့ရှ်သမိုင်းတွင် ဝန်ကြီးချုပ်အဖြစ်အကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရှိတ်ခ်ဟာစီနာသည် လက် ရှိအချိန်တွင် လေးကြိမ်မြောက်သက်တမ်းအဖြစ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသူဖြစ် သည်။
Ref: Forbes lists Sheikh Hasina as 6th most powerful woman in Asia
#PeopleMedia
(unicode)
……………………………………………………………..
Ref: Forbes lists Sheikh Hasina as 6th most powerful woman in Asia
#PeopleMedia