• Follow Us on
Latest News

Home ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး တာချီလိတ်ခရိုင်အတွင်း လေထု အရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီပြော

ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး တာချီလိတ်ခရိုင်အတွင်း လေထု အရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီပြော

Share this post

နေပြည်တော်၊ မတ် ၁

 

ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင် လေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့် တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကာလ နှစ်နှစ်နှင့် ခြောက်လတာကာလအတွင်း လေထုအရည်အသွေး ဆိုင်ရာ အဓိက Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာနိုင်သည့် ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှစ်စဉ်ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်း ခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ် ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါ စီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ စီမံကိန်းကာလ ၂ နှစ် ၆ လသတ်မှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဦးစီးဌာနရုံးချုပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post