ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ပြုလုပ်၍ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရသိက္ခာရှိသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - January 8, 2024
နေပြည်တော်၊ ဇန်နဝါရီ ၈
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ တာဝန်ရှိသူများနှင့် နေပြည်တော်၌ တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက် ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များပြန်လည်လွှဲပြောင်းပေးအပ်နိုင် ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ် လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်း ဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်း လာမှု များကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိဆဲပင်ဖြစ် ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြော သည်။
ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန် အတွက် နိုင်ငံအတွင်းရှိ ပြည်သူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ စနစ်ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စ ရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်း ကြောင်းမှဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောသည်။
ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက် နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား ခဲ့သည်။
#PeopleMedia