ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌပြောကြား

PUBLISHED - March 17, 2025
နေပြည်တော်၊ မတ် ၁၇
လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်သ ည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်း ပနိုင်ရန်အ တွက် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရား မျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက်ရွေး ကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သ ည်ကို ပြောကြားလိုကြောင်း ပြောသည်။
နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ဂုဏ်ယူပါကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို ဆက်လက်ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယမန်နေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) နှင့် မတ်လ (၂) ရက် (တောင်သူလယ်သမားနေ့) တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ (၁၃) ဦး၊ သူရဘွဲ့ (၃) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၁၇) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၄) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၁) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး၊ စုစုပေါင်း (၅၀) ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။
#PeopleMedia