• Follow Us on

Home ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီမည်

ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီမည်

Share this post

နေပြည်တော်၊ သြဂုတ် ၇

 

ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Mongkol Visitstump က ပြောသည်။

 

ထိုင်းနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲကျင်းပနိုင် ရေးထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များ ခွင့်ပြုလျက်ရှိသည့် အခြေအနေနှင့် စိစစ်ဆောင်ရွက်နေသည့်အခြေအနေ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုများ၊ မြန်မာအီလက်ထရောနစ်မဲပေး စက်ဖြင့် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post