• Follow Us on
Latest News

Home ရွေးကောက်ပွဲတွင် ဆန္ဒမဲဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် PR စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း တပ်ချုပ် ပြောကြား

ရွေးကောက်ပွဲတွင် ဆန္ဒမဲဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် PR စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း တပ်ချုပ် ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

 

ရွေးကောက်ပွဲတွင် ဆန္ဒမဲဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မဲများသူအနိုင်ရသည့်စနစ် (FPTP) အစား နိုင်ငံနှင့် သင့်လျော်သည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR) ကို ကျင့်သုံးမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

PR စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများသည် လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ခိုင်မာအား ကောင်းသည့် အဖွဲ့များ ဖြစ်စေရန်အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို အသစ်ပြ ဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြန်လည် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၅၀) ရှိပြီး ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၁၅) ပါတီ ရှိကြောင်းနှင့် ယင်းပါတီများ အနက် (၄၇) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ပါတီ (၂) ခုအား ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပယ် ဖျက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post