• Follow Us on

Home ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ပြောဆို

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ဦးစွာ မြန်မာနိုင်ငံဘက်မှ စတင်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင်ပါဝင် မှုအခန်းကဏ္ဍနှင့် အာဆီယံ၏ ပဋိဉာဉ်အတိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္နိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည့် အခြေအနေများ၊  လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေး နေပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ အပေါ် မြန်မာ နိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးလျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက် ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီ ညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူ နစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post